Unicode
" ခင်ဗျားကြည့်ရတာ အရမ်းပျော်နေတဲ့ပုံဘဲ "
စမ်းချောင်းနံဘေးဖြစ်တာကြောင့် ကျောက်စရစ်ကျောက်ခဲများပေါများလွန်းလှသည်။ ရှိုင်းမင်းခ၏ ဖိချခြင်းခံလိုက်ရသော ဝင်းဇော်အဖို့ မြေကြီးပေါ်ရှိကျောက်ခဲများကြောင့် မသက်သာလှပေ။
ဝင်းဇော်တစ်ယောက်သူ့ဒူးကနာကျင်မှုကြောင့် မျက်ရည်ပင်ဝဲတက်လာတယ်။ ဒီလောက်နာနေပုံထောက်ရင် သွေးထွက်လောက်တဲ့အထိဒဏ်ရာ ရသွားလောက်တယ်ဟု တွေးလိုက်ပြီးငုံ့ကြည့်လိုက်သည်။ အမှန်ပင် သူ့အောက်ကကျောက်စရစ်ကျောက်ခဲများပေါ်တွင် သွေးများစွန်းထင်းနေခဲ့သည်။ သူ့ဒူးကွဲသွားခဲ့ပြီ။
" ဒီမအေ.. အား....."
ဝင်းဇော်က ရှိုင်းမင်းခအား ဆဲ၍ ပြန်ထိုးရန်ထလိုက်သော် လည်းရှိုင်းမင်းခ၏ တဖန်ပြန်ဖိချခြင်းကိုခံလိုက်ရသည်။
" ဒီမအေ ဘာဖြစ်လဲ ဆက်ပြောပါအုံး "
တည်ငြိမ်နေတဲ့လေသံဖြင့် ရှိုင်းမင်းခကမေးလာတယ်။ သူ့ပုံစံက သာမာန်ကိစ္စအသေးအမွှားတစ်ခုအား လုပ်ဆောင်နေသလို တည်ငြိမ်နေတယ်။
မြတ်ဘုန်းပျိုလည်းရှိုင်းမင်းခ၏ပုံစံကသူမြင်နေကြပုံစံမဟုတ်တာကြောင့် သတိလက်လွတ်ကြောင်ကြည့်နေခဲ့မိတယ်။ ဝင်းဇော်၏အော်သံကြားသည့်အခါမှ သတိပြန်ဝင်လာပြီး ရှိုင်းမင်းခ၏လက်အားအသာဆွဲယူ၍
" ရှိုင်း.. ရ..ရပြီလေ ဒီလောက်ဆိုလုံလောက်ပြီ လွှတ်ပေးလိုက်တော့နော် "
မြတ်ဘုန်းပျို အသံက အနည်းငယ်တုန်လှုပ်နေတယ်။ကြည့်ရတာ ရှိုင်းမင်းခမပြချင်တဲ့ တစ်ဖက်ခြမ်းကိုမြင်လိုက်ရတာကြောင့် လန့်သွားသည်နှင့်တူသည်။
ရှိုင်းမင်းခသည် ဝင်းဇော်ပုခုံးအားဖိထားတဲ့သူ့လက်တွေကိုပြန်ရုတ်သိမ်းလိုက်တယ်။
" အကိုဝင်းဇော် .. အကိုရေချိုးပြီးပြိမလား ပြီးပြိဆိုရင်လဲပြန်ပါတော့ "
မြတ်ဘုန်းပျိုရဲ့ပြောစကားကိုကြားတော့ ဝင်းဇော်နဲ့အတူပါလာတဲ့ ကာလသားတစ်ယောက်က ဝင်းဇော်ကိုဆွဲထူကာ ခေါ်သွားတယ် ။
YOU ARE READING
" သတိ - ကြားလူမဝင်ရ " ( Complete)