Unicode
"ခနဘဲ၊ တကယ်ခနဘဲ ပြန်မှာ၊ကိစ္စတွေရှင်းပြီးပြီဆိုတာနဲ့ ချက်ခြင်းပြန်လာမှာ ကိုကို့ကိုစောင့်နေရအောင်မောင်မလုပ်ဘူး "
မြတ်ဘုန်းပျို ရှိုင်းမင်းခ၏စကားကို ကြားကြားချင်းမျက်ရည်ဝဲသွားတာကြောင့်ခေါင်းချက်ချင်းငုံ့ချလိုက်တယ်။ ငါ ယောင်္ကျားလေးဖြစ်ပြီးဘာလို့ မျက်ရည်လွယ်ရတာလဲ? ဒီလိုမျိုးတစ်နေ့ဖြစ်လာမယ်ဆိုတာ သူသိသော်လည်း အခုလိုမျိုးကျ အရမ်းမြန်လွန်းသည်လေ ။မြတ်ဘုန်းပျို အတတ်နိုင်ဆုံးထိန်းသော်ငြားလည်း မျက်ရည်များသည် ပါးပြင်ပေါ်သို့ တာကျိုးကျလာသည့်သဖွယ် ကျဆင်းလာခဲ့သည်။
ရှိုင်းမင်းခသည် မြတ်ဘုန်းပျို၏ အမူအယာကိုတွေ့သည့်အခါ မှေးဖျားကို ငြင်သာစွာဆွဲမော့လိုက်တယ်။
" ကိုကို ငိုနေတာလား "
မြတ်ဘုန်းပျိုသည် အသံတစီုးတစိမျှထွက်မလာဘဲ ခေါင်းသာ ခါလာခဲ့သည်။
" ကိုကို , မောင့်ကိုကြည့် "
ရှိူင်းမင်းခသည် မြတ်ဘုန်းပျို၏မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူနဲ့အကြည့်ခြင်းဆုံစေလိုက်သည်။
" မငိုပါနဲ့ဗျာ ကိုကို့မျက်ရည်တွေကို မြင်ရင် မောင့်ရင်ထဲအောင့်သက်သက်နဲ့ဗျ .. "
ရှိူင်းမင်းခ တစ်ခနလောက်ငြိမ်သက်သွားသည်။
ထို့နောက်" မောင် ပါးပါးတို့နဲ့ မလိုက်သွားတော့ဘူး! "
မြတ်ဘုန်းပျို မျက်ရည်အဝိုင်သားဖြင့်မော့ကြည့်လာတယ်။ မလိုက်သွားလို့တော့ မဖြစ်ဘူးမဟုတ်လား ။ သူကိုယ်တိုင်လဲ ရှိုင်းနှင့်မခွဲနိုင်ဘူးဆိုပေမယ့် ရှိုင်းအားတစ်ကိုယ်ကောင်းဆန်ကာ အပိုင်သိမ်းထားလို့မရပေ။
" မဟုတ်တာ လိုက်သွားလိုက်ပါ ပြန်လာမယ်ဆိုတဲ့ ကတိတော့ပေး "
ရှိုင်းမင်းခသည် မြတ်ဘုန်းပျို၏နဖူးအားဖိနမ်းလိုက်တယ်။
" သေချာပေါက် ပြန်လာမှာပေါ့ ၊ မောင်အမြန်ဆုံးပြန်လာမယ်နော် "
ထို့နောက် ရှိုင်းမင်းခသည် ဘောင်းဘီအိတ်ထဲက ဖုန်းအားထုတ်ကာ မြတ်ဘုန်းပျိုလက်ထဲထည့်ပေးလိုက်သည်။
YOU ARE READING
" သတိ - ကြားလူမဝင်ရ " ( Complete)