Unicode
မြတ်ဘုန်းပျိုသည် စာရေးစားပွဲခုံပေါ်၌ ဖယောင်းတိုင်မီးထွန်းကာ ကလေးများရဲ့ စာမေးပွဲစစ်ထားသည့်အဖြေလွှာများကို အမှတ်ခြစ်ရန်ပြင်လိုက်သည်။
" အဟွတ်! ဟွတ် "
သူ့အနောက်၌ အိပ်နေသော ရှိုင်းမင်းခထံမှ ချောင်းဆိုးသံထွက်ပေါ်လာတာကြောင့်သူလှည့်ကြည့်လိုက်သည်။ ပုံမှန်ဒီလိုအချိန်ဆိုလျှင် သူ့အနားကပ်ကာ စကားမရှိစရာရှာတတ်တဲ့သူက ဘာကြောင့်အစောကြီးအိပ်နေရတာများလဲ..
မြတ်ဘုန်းပျိုသည် ရှိုင်းမင်းခ အနားသို့ကပ်လိုက်ကာ
" ရှိုင်း .. ရေနွေးသောက်မလား ချောင်းဆိုးတာ အနည်းငယ်သက်သာသွားလိမ့်မယ် "
ရှိုင်းမင်းခက မျက်လုံးပင်ဖွင့်မကြည့်ဘဲခေါင်းခါပြလာတယ်။
ဖယောင်းတိုင်မီးရောင်အောက်က ရှိုင်းမင်းခရဲ့မျက်နှာကို မြတ်ဘုန်းပျိုအသေချာကြည့်လိုက်တယ်။ နှုတ်ခမ်းများကရဲနေကာ ပါးပြင်နှစ်ဖက်ကလဲ ပန်းရောင်သမ်းနေသည်။ ထို့အပြင် ဝေဒနာခံစားနေရသည့်အတိုင်း မျက်မှောက်လဲကျုံ့ထားသေးသည်။ မဟုတ်မှ ရှိုင်းတစ်ယောက်ဖျားများနေတာလား
မြတ်ဘုန်းပျိူသည် ရှိုင်းမင်းခ၏နဖူးအား လက်ဖြင့်စမ်းကြည့်လိုက်သည်။ အလိုလေး.. ပူကျစ်နေပါရော့လား..
မြတ်ဘုန်းပျိုကပြာကယာဖြင့် ဘေး၌ရှိသောစောင်အား ရှိုင်းမင်းခကိုယ်ပေါ်သို့လွှားခြုံပေးလိုက်တယ်။ထို့နောက် ရေနွေးတည်ရန် အိမ်အောက်သို့ဆင်းဖို့ပြင်လိုက်သည့်အချိန် ရှိုင်းမင်းခက မြတ်ဘုန်းပျိုလက်အားလှမ်းဆွဲလာတယ် ။
" ကိုကို ရေနွေးသွားကြိုမလို့ ခနလေးဘဲလေနော် "
မြတ်ဘုန်းပျို ချော့ချော့မော့မော့ပြောကာမှ လက်အားလွှတ်ပေးလိုက်သည်။
---
မြတ်ဘုန်းပျို ရေနွေးတည်ရန်မီးအရင်မွှေးလိုက်တယ် ။ ထို့နောက် ညသိပ်ရေကို အိုးထဲထည့်ကာ မီးဖိုပေါ်တင်ပြီး ထိုဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်တယ်။ သူမှားတာ ၊ သူ ရှိုင်းမင်းခအား တောင်ကလပ်သို့ခေါ်မသွားသင့်၊ မနက်က တစ်နေကုန်နေပူထဲသွားရသည့်အပြင် တောင်ကလပ် ထိပ်ကိုရောက်တော့လဲလေစိမ်းကတိုက်သေးသည်။ နေပူထဲထွက်လိုက် နေရိပ်ထဲဝင်လိုက်နှင့် ရှိုင်း အပူရှုပ်သွားသည်နှင့်တူသည်။ တကယ်ကို သူ့အမှားပင်.. ဟူ၍တွေးနေမိတယ်။
YOU ARE READING
" သတိ - ကြားလူမဝင်ရ " ( Complete)