part - 28 ( U + Z )

15.8K 708 58
                                    

[Unicode]

" သတ်ပေးရမလား .. အကိုသာခေါင်းတစ်ချက်ညိမ့်လိုက် ကျွန်တော် အခုချက်ခြင်းသွားသတ်ပေးမယ် "

ရှေးရတု ချက်ခြင်းခေါင်းခါလာတယ် ။ ဦးနိုင်ဟာ သူ့အပေါ်ကျေးဇူးရှိတဲ့ လူတစ်ယောက် ဖြစ်တယ် ။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ဆရာဝန်ဖြစ်အောင်လဲ ထောက်ပံ့ပေးခဲ့တယ် ။ ဒီအရွယ်ထိလဲကျွေးမွေးခဲ့သေးသည်။ မိဒွေးဖြစ်သူနဲ့နေရလျှင် သူဒီအရွယ်ထိ အသက်ရှင်နေအုံးမှာတောင်မဟုတ်ပေ ။ သူဦးနိုင်အားသူမမုန်းသလို ချစ်လဲမချစ်ပေ ။ ကျေးဇူးရှင်အား ကျေးစွပ်တဲ့သူမဖြစ်ချင်ပေ ။ ရှေးရတု နာကျင်နေတဲ့ နှုတ်ခမ်းအားအသာပင့်ကာ ဟန်ဆက်ပိုင်အားပြုံးပြလိုက်တယ် ။

" အကို အဆင်ပြေတယ် ကြည့်လေ ပြုံးတောင်ပြုံးနိုင်နေသေးတယ် တွေ့လား "

ဟန်ဆက်ပိုင် သူ့ရင်ထဲ တစစ်စစ်နာကျင်လာရတယ် ။ သူအရမ်းကိုလွမ်းနေခဲ့တဲ့ အပြုံးကိုမြင်လိုက်ရပေမယ့် သူပျော်မနေဘူး ပိုရင်တောင် ရင်နာနေမိတယ် ။

" ကျွန်တော်နဲ့လိုက်ခဲ့ "

ဟန်ဆက်ပိုင် စကားကြောင့်ရှေးရတု အံအားသင့်ကာ ငြင်းလာတယ် ။

" မ.. မဖြစ်ဘူး လိုက်လို့မဖြစ်ဘူး "

ဟန်ဆက်ပိုင်အား ပဲလှော်ကြားဆားညှပ်သည့်အဖြစ်မျိုးမဖြစ်စေချင်ပေ ။ သူ့ကြောင့် နဲ့ ဟန်ဆက်ပိုင်ဒုက္ခရောက်မှာကို မလိုလား ၊ ဦးနိုင်က ဘယ်လောက်ထိ အတ္တကြီးလဲ သူအသိဆုံးပေ ။ ဟန်ဆက်ပိုင် သူ့အားဖွက်ထားနိုင်မယ်ဆိုလျှင်တောင် အချိန်အတိုင်းတာ တစ်ခုထပ်မပိုနိုင်ပေ ။ ရေတဆုံးမြေတဆုံး လိုက်ရှာမှာဖြစ်တဲ့ ဦးနိုင်ရဲ့ စိတ်ကို သူသိတယ် ။

" ရှေး... မဟုတ် ရောင်စဉ် "

ဟန်ဆက်ပိုင်က ရှေးရတုအား ရောင်စဉ်ဟုခေါ်လိုက်တာကြောင့် မျက်ရည်အဝဲသားဖြင့် ဟန်ဆက်ပိုင်အားကြည့်လာတယ်။ 

ဟန်ဆက်ပိုင် ရှေးရတု၏ မျက်နှာအားခပ်ဖွဖွလေးအုံ့ကိုင်လိုက်တယ် ။ အထိတွေ့က အလွန်ကို နူးညံ့လွန်းလှတယ် အဖိုးတန်အရာလေး ပျက်စီးသွားမှာ ၊ နာကျင်သွားမှာကို စိုးသည့်အလား..

" သတိ - ကြားလူမဝင်ရ " ( Complete)Where stories live. Discover now