system နှင့်ချိတ်ဆက်ခြင်း

6.4K 215 13
                                    

<Unicode>
သူ နိုးလာတော့ အစိမ်းရောင်လွင်ပြင်မှာရောက်နေသည်။ရုတ်တရက်ထထိုင်လိုက်တော့ ခေါင်းကမိုက်ခနဲ ဖြစ်သွားတာကြောင့် လက်နဲ့နထင်ကိုနှိပ်နယ်လိုက်မိသည်။

"ကျွတ် ကျွတ် ငါဘယ်ရောက်နေတာလဲ ငါကရော ဘယ်သူလဲ အား ဘာလို့တစ်ခုမှစဉ်းစားလို့မရတာလည်း"

သူညီးတွားနေတဲ့အချိန်မှာဘဲ ရုပ်မမြင်ရဘဲစက်ရုပ်သံတစ်သံထွက်ပေါ်လာသည်။

"အဟမ်း အဟမ်း system 250ကနေကြိုဆိုပါတယ်"

"System!!"

"Yes host"

"ငါဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ"

"ကျနော်တို့ system က အတိတ်ကိုပြန်ပြင်ဆင်နိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ system ပါ host ရဲ့ဆန္ဒတစ်ခုကြောင့် ဒီထဲရောက်လာရတာပါ "

"အော်"

ငါဒီလောက်ပြောတာတောင် ပြန်ပြောတာက အော် ဒီတစ်လုံးထဲလား ဟူး ဘယ်လိုနှစ်ပါးသွားရပါ့မလဲ စိတ်ညစ်ပါတယ် system ကစိတ်ကနေ ညီးတွားလိုက်မိသည်။

"ကျနော်တို့ system world တွေမှာ host ကတာဝန်တွေထမ်းဆောင်ပြီး မှားယွင်းနေတဲ့ကမ္ဘာတွေရဲ့ဇာတ်ကြောင်းကိုလိုက်ပြီးပြင်ဆင်ရမှာပါ ကမ္ဘာက 10 ခုသွားရမှာပါ ကမ္ဘာအကုန်ပြီးသွားရင်တော့ host ရဲ့အတိတ်ကိုပြန်မှတ်မိရုံတင်မက တောင်းဆိုထားတဲ့ဆန္ဒကိုပါ ဖြည့်ဆည်းပေးမှာပါ"

"နင့်နာမည်က"

"ကျနော့်နာမည် ဟွားပါ"

"မိန်းကလေးလား "

"ဟုတ်ပါတယ်"

"ဘာလို့ ကျနော် ကျနော်နဲ့ပြောနေတာလဲ"

"အကျင့်ပါနေလို့ပါ "

"အော် အခုငါကဘာဆက်လုပ်ရမှာလဲ"

"ပထမကမ္ဘာကိုသွားရပါမယ် မသွားခင်ဇာတ်ကြောင်းအရင်ပြောပြပါမယ်

ဒီကမ္ဘာရဲ့ဇာတ်ကြောင်းက မြန်မာနိုင်ငံရဲ့ ကျောင်းကအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လိုက်နာမည်က
မင်းအခရာ သူက ကျောင်းရဲ့ King ဇာတ်လိုက်မနာမည်က မေရီလွင် သူကကျောင်းရဲ့  Queen  သူတို့နှစ်ယောက်ကအစက မသိကြဘူး သူတို့နှစ်ယောက်ဆုံလာရတဲ့အကြောင်း မေရီလွင်ရဲ့အကိုဖြစ်သူ ရာဇာလွင် ဆိုတဲ့ကျောင်းရဲ့ bad boy ကောင်လေးကြောင့်...သူတို့ဆုံတွေ့ပုံက ဒီလို တစ်နေ့ မေရီလွင်က ဆံပင်ကိုချပြီး လှပစွာနဲ့ကျောင်းလာတဲ့အချိန် သူ့အကို ရာဇာလွင်က ဆံပင်ကို ဖွလိုက်ပြီး အဲ့လောက်မရွနဲ့ပိုက်ဆံပေးအုံး ဆိုပြီးအတင်းတောင်းတာကို မေရီလွင်က သူ့မှာမပါဘူးဆိုပြီးမပေးဘူးလေ အဲ့မှာ ရာဇာလွင်က ပါးရိုက်ဖို့ပြင်တော့ မင်းအခရာက ကြည့်မနေနိုင်တော့တာကြောင့် သွားကူညီလိုက်တယ်
ပြီးတော့ ရာဇာလွင်ရဲ့ပါးကိုတစ်ချက်ထိုးလိုက်တယ်...

 system ဟွား (Complete)Where stories live. Discover now