2.8

1.6K 124 6
                                    

<Unicode>
လီဂျွန်ဆုန်း ရောက်လာတဲ့နေရာက ဂီလေးရဲ့အိမ်ဖြစ်သည်။

"ဂီလေးရေ ကိုကိုလာတယ်"

"ဟာကိုကို အလုပ်မသွားဘူးလား"

"ဂီလေးကိုလွမ်းလို့မသွားဖြစ်တာ "

"ဂီလေးလည်း ကိုကို့ကိုအများကြီးလွမ်းနေတာ"

"လာပါအုံးကိုယ့်ဆီ ဖက်ထားချင်လို့"

လီဂျွန်ဆုန်းအသံအဆုံး ရင်ခွင်ထဲပစ်ဝင်လာတဲ့ ဆောင်းဂျောင်ဂီ...လီဂျွန်ဆုန်းလည်းဝင်လာတဲ့ဂီလေးရဲ့ကိုယ်လုံးကိုဖက်လိုက်ပြီး

"ဂီလေး ကိုယ်သတင်းကောင်းပြောစရာရှိတယ်"

"ဘာများလဲ"

"အိမ်တော်ထိန်းရော အိမ်အကူတွေရောအကုန်လုံးက ဂီလေးကိုလွမ်းနေကြတယ် ပြီးတော့ သူတို့အကုန်လုံးဂီလေးကို အိမ်ပြန်လာစေချင်နေကြပြီ ဂီလေးဘယ်လိုသဘောရလဲ"

"ဂီလေးပြန်လာချင်တယ် ဒါပေမဲ့
ဆွန်းယောင်းအွန်ကအိမ်မှာမလား"

"စိတ်ချ ကိုယ်ဒီနေ့ဘဲ သူ့ကိုမောင်းထုတ်လိုက်မယ် ဂီလေးသာပြန်လာမယ်ဆိုတာ အိမ်ကလူတွေသိရင် ဝမ်းသာနေကြမှာ"

"အဲ့ဆို အခုပြန်ကြမယ်လေ ဂီလေးလည်း သူတို့ကိုလွမ်းနေပြီ"

"ဒါဆို အခုသွားကြမယ်လေ"

"ဟုတ် "

ဂီလေးလည်း အဝတ်တစ်ချို့ယူပြီးအခန်းသော့ခတ်ကာ သူ့ကိုကိုနဲ့လီအိမ်တော်ကိုပြန်လာကြသည်။

လီအိမ်တော်မှာတော့ အိမ်အကူတွေနဲ့အိမ်တော်ထိန်းက အိမ်ရှေ့ကပန်းပင်တွေရှေ့မှာထိုင်နေပြီး

"ဂီလေးသာရှိရင် အခုချိန် ပန်းပင်တွေကိုရေလောင်းနေမှာ"

"အင်း ဟုတ်တယ် မနက်ဆိုလည်းမီးဖိုချောင်ဝင်ပြီး သခင်လေးအတွက်မနက်စာတွေပြင်ဆင်ပေးမှာ ဆောင်းယောင်းအွန်ကတော့မနက်စာပြင်ပေးဖို့မပြောနဲ့ ပြင်ထားတာတောင် အကောင်းမမြင်တတ်ဘူး"

"ဂီလေးရေ ဘယ်ဆီမှာများရောက်နေပြီလဲ လွမ်းနေပြီ ပြန်လာပါတော့"

အိမ်အကူကောင်မလေးပြောလိုက်တော့ ခြံထဲကိုလီဂျွန်‌ဆုန်းရဲ့ကားဝင်လာလေသည်။ကားပေါ်က လီဂျွန်ဆုန်းဆင်းလာပြီး တစ်ဖက်က ဂီလေးက ယုန်သွားလေးတွေပေါ်အောင်ရီနေပြီးဆင်းလာလေသည်။

 system ဟွား (Complete)Donde viven las historias. Descúbrelo ahora