3.9 (end)

1.5K 113 10
                                    

<Unicode>
"ခများတို့ ကျနော့်ကိုမချီးကျူးကြတော့ဘူးလား!!!!"

ချင်းရှောင်းလန်ရဲ့အော်သံကြားတော့မှ အကြီးအကဲတွေက လက်ခုပ်ထတီးကြတော့သည်။

"တော်တယ် တော်တယ်"

ဆိုပြီးလည်းချီးကျူးကြလေသည်။ဟန်လင်းရှန်ကတော့ထိပ်ဆုံးကပေါ့ ကျောင်းသား၊ကျောင်းသူတွေကိုလည်း

"တီးကြလေ ချီးကျူးကြ"

ဆိုပြီးအော်ပြောလိုက်သေးသည်။‌ကျောင်းသား၊ကျောင်းသူတွေကလည်း ဆရာဟန်လင်းရှန်ပြောတော့ လက်ခုပ်ထတီးကြလေသည်။ပါးစပ်ကနေလည်း

"တော်တယ် ချင်းရှောင်းလန် အရမ်းတော်တယ်"

ဆိုပြီး အော်ဟစ်လာကြသည်။ထိုထဲတွင် ဇာတ်လိုက်မ ချင်းရှောင်းအာကတော့မပါပေ။အကြောင်းရင်းမှာ အခုချိန်ထိသတိမရသေးဘဲမေ့နေခြင်းကြောင့်ဖြစ်သည်။

လက်ခုပ်သံတွေကို ချင်းရှောင်းလန်က ကျေကျေနပ်နပ်ကြီးနားထောင်နေသည်။သူနားထောင်ရတာ မဝသေးခင်မှာဘဲ ငှက်ဆိုးထိုးသံနဲ့တူတဲ့အကြီးအကဲအသံကထွက်လာသည်။

"ကဲကဲ ရပြီး ဒီနေ့ပြိုင်ပွဲမှာတော့ ချင်းရှောင်းလန်က ပထမနေရာရရှိသွားတဲ့အတွက် ဆုလာဘ်လက်ဆောင်ကို ဆရာဟန်လင်းရှန်ကနေ ချီးမြှင့်ပေးပါလိမ့်မယ်"

အကြီးအကဲအသံဆုံးတာနဲ့ ဟန်လင်းရှန်က ဆင်တူဓါးနှစ်လက်ထည့်ထားတဲ့ဗန်းရှည်ကိုင်ပြီး ပုလ္လင်ပေါ်ကနေ ခြေတစ်လှမ်းပြီးတစ်လှမ်း ညင်သာစွာလှမ်းဆင်းလာလေသည်။

ချင်းရှောင်းလန်လည်း ဟန်လင်းရှန်ရဲ့လှုပ်ရှားမှုတွေကိုမျက်တောင်မခတ်ဘဲ ငေးကြည့်နေသည်။

ဟန်လင်းရှန်က စင်ပေါ်ရောက်တော့ ဗန်းကို ကိုင်ထားရင်းနဲ့ဘဲ

"ဒီဓါးက ဆင်တူဓါးဖြစ်တာကြောင့် ကိုယ်နှစ်သက်တဲ့လူကိုဖြစ်ဖြစ် နှစ်ကိုယ်တူကျင့်ကြံချင်တဲ့လူကိုဖြစ်ဖြစ် ဓါးတစ်လက်ပေးနိုင်ပါတယ် ပြီးတော့ ဒီစုံတွဲဟာ ကျောင်းတော်ကနေထွက်ခွာသွားချင်ရင် ထွက်ခွာသွားလို့ရပါတယ် ကဲပထမရရှိသွားတဲ့ ချင်းရှောင်းလန်ကို ကျောင်းတော်ရဲ့အတော်ဆုံးကျောင်းသားအဖြစ်သတ်မှတ်ပြီး ဓါးကိုဆုလာဘ်အနေနဲ့ ချီးမြှင့်ပါတယ်"

 system ဟွား (Complete)Where stories live. Discover now