6.11

1.1K 87 4
                                    

<Unicode>
ကျင်းရွှယ်ပြုံးပြီး သူ့ကိုကိုင်ထားတဲ့ မောင့်ရဲ့လက်ပေါ် လက်ထပ်ကိုင်လိုက်ပြီး

"ပါးက အသက်အရမ်းကြီးတယ်နော်"

"အချစ်မှာ အသက်ကအရေးမကြီးပါဘူး မောင်ချစ်တာ ကောကို ကောအသက်ကိုချစ်တာမဟုတ်ဘူး "

"ပတ်ဝန်းကျင်က"

"မောင်နဲ့အတူနေမှာ ပတ်ဝန်းမှ မဟုတ်တာ မောင်နေမှာကောနဲ့ ကောသာချစ်ရင် မောင်က ဘာကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး"

"မောင့်အသက်ကအရမ်းငယ်သေးတယ်လေ ၁၈ တောင်မပြည့်သေးဘူး"

"အသက်ကသာငယ်တာပါ ကျန်တဲ့ဟာအကုန်ကြီးတယ်"

"ဘာ ဘာကြီးတာလဲ"

"အော် ချစ်ချင်းမေတ္တာပြောတာပါ ‌ပြီးတော့ ကောကိုပေးဖို့ အချစ်တွေကလည်း ဟောဒီရင်ဘက်မှာ အပြည့်ဘဲ"

"မောင့်ရင်ဘက်က သေးသေးလေးကို မောင်ပြောတာက ကောကိုနည်းနည်းဘဲချစ်ပေးမယ်ဆိုတဲ့သဘောပေါ့ ဟုတ်လား"

"ဟာ မဟုတ်ရပါဘူးဗျာ ရင်ဘက်တင်မဟုတ်ဘူး အူတွေအသည်းတွေ ဦးနှောက် တွေမှာလည်း ကောကိုပေးဖို့အချစ်တွေအပြည့်ပါဗျာ"

"ချစ်တာတော့ ဟုတ်ပါပြီ ဒါပေမဲ့ မောင့်ရင်ခွင်ကြီးက ကောဝင်နေဖို့ ငယ်သေးတယ်"

"စိတ်ချ ဒီနေ့ကစပြီး မောင်လေ့ကျင့်ခန်းလုပ်ပြီး ကောဝင်နေဖို့ရင်ခွင်ကျယ်ကြီးရအောင်ကြိုးစားမယ်"

"အင်းပါ"

"ကော မောင့်ကိုချစ်လား"

"ပြောဖို့လိုသေးလား"

"လိုတယ်လေ ဟောဒီကောရဲ့နှုတ်ခမ်းဖျားလေးက ထွက်လာတဲ့ ချစ်တယ် ဆိုတဲ့စကားကြားချင်‌သေးတယ်"

"ရင်ခွင်ကျယ်ကြီးရတဲ့တစ်နေ့ ရင်ခွင်ကျယ်ကြီးထဲတိုးဝင်ပြီးမှ ပြောမယ် ကြိုးစားလိုက်အုံးနော် ဆိုင်သွားလိုက်အုံးမယ်"

"မ မဟုတ်ဘူးလေ မောင်က ကျောင်းပျက်ပြီး အိမ်ပြန်လာတာကို ကောက ဆိုင်သွားအုံးမယ်ပေါ့"

"ဆိုင်က ကောမရှိရင်မဖြစ်ဘူး ဘိုင်ဘိုင်"

ကျင်းရွှယ် မှိုရသလို မျက်နှာနဲ့ ‌ကားသော့ဝေ့ယမ်းကာ ဆိုင်သို့ထွက်သွားလေသည်။သေချာတာတစ်ခုကတော့ ဆိုင်ထဲကဝန်ထမ်းတွေက သူ့ကိုမေးခွန်းလာမေးမှာမလွဲပေ...

 system ဟွား (Complete)Donde viven las historias. Descúbrelo ahora