1.1(မင်းအခရာ)

3.4K 176 4
                                    

<Unicode>
သူကမ္ဘာကူးပြောင်းပြီးချိန် ပထမကမ္ဘာရောက်တော့ ပတ်ဝန်းကျင်ကိုအရင်လေ့လာလိုက်သည်။

သူရောက်နေတာက ကျောင်းခန်းထဲမှာ အတန်းသားတော်တော်များများမရှိသေးဘူး

'ဟွား ဇာတ်ကြောင်းဘယ်ရောက်နေပြီလဲ'

'ခနနေ ဇာတ်လိုက်မနဲ့သူ့အကိုက စကားများတော့မှာပါ'

'အင်း'

(ဝမ်ရိပေါ် ကိုမင်းအခရာလို့သုံးပြီနော်)

မင်းအခရာလည်း လွယ်အိတ်ကိုတစ်စောင်းလွယ်ပြီး ကျောင်းဝင်းထဲမှာရှိတဲ့ ကန့်ကော်ပင်အောက်မှာရှိတဲ့ခုံတန်းမှာသွားထိုင်နေသည်။

မင်းအခရာရဲ့အရပ်က ၅'၉" ‌‌ရှိပြီး အသားကသိပ်မဖြူ‌ပေမဲ့ မမဲပေ အလယ်အလတ်ရှိပြီးကြညမ့ကောင်းသည်။ဆံပင်ကိုလည်း အုန်းဆီနဲ့အပေါ်ကိုလှန်တင်ထားတာကြောင့်မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

မင်းအခရာရဲ့ ချောမောမှုကို အဖြူအစိမ်းက ပိုကြည့်ကောင်းအောင်ပံ့ပိုးပေးနေသည်။

(အဆင်တွေငမ်းခဲ့တဲ့ကျောင်းသူဘဝကိုတောင်ပြန်လွမ်းမိတယ်😔😔)

မင်းအခရာစောင့်နေတာ ငါးမိနစ်ကြာတော့ ကျောင်းအဝကနေ အင်္ကျီအဖြူရင်ဖုံးလေးနဲ့ထမိန်အစိမ်းလေးဝတ် ဆံပင်ကိုလှပစွာချ သနပ်ခါးကိုပါးကွက်လှလှလေးလိမ်းထားတဲ့ မိန်းကလေးတစ်ယောက်က လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ပြီး အားနေတဲ့လက်တစ်ဖက်က ထမိန်လေးကိုကိုင်ပြီး အိန္ဒြေရှိရှိ လျှောက်လှမ်းလာခဲ့သည်။

ဒါတွေက တစ်ခြားလူတွေရဲ့အမြင်လေ မင်းအခရာမျက်လုံးမှာတော့ လိပ်လိုလျှောက်လာနေတဲ့ကောင်မလေးကို မြန်မြန်လျှောက်စမ်းပါဆိုပြီးပြောလိုက်ချင်သည်။

သူစောင့်နေတာအကြာကြီးကို အခုမှလာရတယ် သူကတော့ ရာဇာလွင်ဆိုတဲ့ကောင်လေးကိုသာ အမြန်မြင်ချင်နေပြီ ဒီကောင်လေးက သူ့ရဲ့အတိတ်တွေနဲ့တစ်ခုခုပတ်သက်နေလောက်သည် မဟုတ်ရင် system က သူနဲ့
ရာဇာလွင်ကိုလက်ထပ်ခိုင်းမှာမဟုတ်ဘူး...

မင်းအခရာလည်း ဆက်စောင့်ကြည့်နေတဲ့အချိန် ကောင်မလေးရဲ့နောက်ကနေ ဆံပင်‌ တွေကိုဖွလိုက်ပြီး ပိုက်ဆံတောင်းနေတဲ့ ရာဇာလွင်ကိုလှမ်းတွေ့လိုက်ရသည်။

 system ဟွား (Complete)Where stories live. Discover now