3.3

1.5K 108 2
                                    

<Unicode>
ချင်းရှောင်းလန် ခြေသံကိုဖွဖွလေးနင်းပြီး ချောင်းကြည့်လိုက်ချိန် ဟန်လင်းရှန်က
မရှိ.....

"ဘယ်သူလဲ"

ချင်းရှောင်းလန် သူ့နောက်ကနေ ဓါးရိုးနဲ့ထောက်ပြီး မေးလာတဲ့ သူ့ကောကြောင့်

"ကောရဲ့ပေါင်ပေ့လေ"

"ဖြေးဖြေးလှည့်လာခဲ့"

ချင်းရှောင်းလန်ပြုံးလိုက်ပြီး ဘယ်လက်နဲ့မျက်နှာကိုကာပြီး တုတ်ချောင်းကောက်ယူကာ နောက်ပြန်တိုက်ခိုက်လိုက်သည်။

"တွေ့လို့မရသေးဘူး အချိန်တန်ရင်တွေ့ရမှာဘဲကို ကောက ဘာတွေလောနေတာလဲ"

"မင်းဘယ်သူလဲ ဘာလို့မျက်နှာကိုကာထားတာလဲ"

ချင်းရှောင်းလန်ဘာမှမပြောတော့ဘဲ တိုက်ဘဲတိုက်ခိုက်နေသည်။ဟန်လင်းရှန် မျက်နှာကိုကြည့်ပေမဲ့ ကောင်းကောင်းမမြင်ရတာကြောင့် ဘယ်သူမှန်းမသိဖြစ်နေသည်။

အဝတ်အစားကိုကြည့်ရတာတော့ သူ့ကျောင်းသားဘဲ ...မနက်ဖြန်ကြရင် စုံစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

ချင်းရှောင်းလန်တို့နှစ်ယောက်တိုက်ခိုက်တာ နာရီဝက်လောက်ကြာလာတော့ ချင်းရှောင်းလန်က ဟန်လင်းရှန်ကိုနောက်ကနေ သိုင်းဖက်လိုက်ပြီး ပါးကိုတစ်ချက်နမ်းကာ

"မနက်ဖြန်ပြန်တွေ့ကြမယ်ကော"

ဆိုပြီး ကိုယ်ဖော့ကာ ထွက်ပြေးသွားလေသည်။ဟန်လင်းရှန်လည်း ရင်ခုန်သံတစ်ဒိတ်ဒိတ်နဲ့ကျန်ခဲ့လေသည်။

နောက်တစ်နေ့ ဟန်လင်းရှန် စာပေပညာသင်ခါနီး ကျောင်းသားတွေအကုန်လုံးကို ကွင်းပြင်ကျယ်မှာစုခိုင်းလိုက်သည်။

ကျောင်းသားအကုန်ရောက်ပြီဆိုမှ စင်ပေါ်ကဆင်းလာပြီး စာအုပ်ကိုင်ကာ ကျောင်းသားတွေရဲ့ကြားကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီးသင်လေသည်။

ဟန်လင်းရှန်လျှောက်လာတဲ့အချိန် တစ်နေရာရောက်တော့ သူ့ခြေလှမ်းတွေရပ်တန့်သွားလေသည်။

ရနေကြအနံ့ဖြစ်နေတာကြောင့် စာအုပ်ချကာ မျက်နှာချင်းဆိုင်ကြည့်လိုက်တော့ အရင်ကအသုံးမကျတဲ့ကျောင်းသားဆိုပြီးအမြဲအနှိမ်ခံနေရတဲ့ကျောင်းသားဖြစ်နေသည်။

 system ဟွား (Complete)Where stories live. Discover now