<Unicode>
နိုင်ရွန် မီနန်မိုင်းကို ပုခုံးပေါ်တင်ရင်းအပြင်ထွက်လာတော့ စီရန်ကိုတွေ့လိုက်ရသည်။စီရန်က သူ့ကိုတစ်ခြမ်းစောင်းအပြုံး ပြုံးပြလာတာကြောင့် နိုင်ရွန်မျက်နှာမှောင်မဲသွားသည်။"အို့ ညီတော် မျက်နှာလည်းပုပ်သိုးနေတာဘဲ ဘာဖြစ်တာလဲ"
စီရန် အပြုံးနဲ့မေးလိုက်ပေမဲ့ နိုင်ရွန်က သူ့ကိုလှောင်တယ်ထင်ပြီး
"ဒုက္ခိတက ဒုက္ခိတလိုနေ မနက်ဖြန်နေထွက်တာ မမြင်ရဘဲဖြစ်သွားမယ်"
ဆိုပြီး သူ့နန်းဆောင်ဆီပြန်သွားသည်။စီရန်ကဝောာ့ ခုနက ပြုံးနေတာ သူမဟုတ်သလို မျက်နှာကိုငယ်လိုက်ပြီး သူ့ဖခင်ဆီဝင်သွားသည်။
"အဖေ~~~"
ဘုရင်ကြီးက သူ့သားကိုဒေါသထွက်နေချိန် သားကြီးက ခေါ်သံတိုးတိုးလေးကိုကြားလိုက်ရသည်။သူ့သားကြီးကို ကြည့်လိုက်တော့ ဘီးကုလားထိုင်မှာထိုင်နေပြီး နောက်ကအစေခံတစ်ယောက်က တွန်းလာတာတွေ့လိုက်သည်။
"သားတော် ဘာဖြစ်လို့လဲ "
ဆိုပြီး သူ့သားတော်ဆီသွားကာ လက်ကိုင်ရင်းမေးလိုက်သည်။
"ဖေဖေ ညီဝောာ်ဘာဖြစ်တာလဲဟင် မျက်နှာလည်းဒေါသထွက်နေသလိုဘဲ"
"ဘာဖြစ်ရမှာလဲ မိန်းမပျိုလေးတစ်ယောက်ကိုအတင်းခေါ်လာပြီး လက်ထပ်ပေးဖို့ပြောနေတာ"
"အဖေ သဘောတူလိုက်လား"
"ဟင့်အင်း"
"ဘာဖြစ်လို့လဲ အဖေရဲ့ ညီတော်ကလည်း ဟိုမိန်းကလေးကိုတကယ်ချစ်နေတဲ့ပုံပါ"
"မိန်းကလေးက သူ့ကိုသဘောမကျဘူးလေ ရောက်လာကတည်းက သားနိုင်ရွန်လက်ထဲကနေ ရုန်းနေတာ"
"ဟင်း...ညီလေးသဘောကျရင် လက်ထပ်ဖို့ခွင့်ပြုလိုက်ပါအဖေ မတော်လို့ ညီတော်က အဖေ့ကိုအငြိုးတေးထားပြီး လုပ်ကြံလိုက်ရင် ဟူး..."
"အဖေ့ကိုဘယ်သူမှ မလုပ်ကြံနိုင်ပါဘူး သားတော်အစိုးရိမ်လွန်နေပြီ ဟ ဟ"
ရင်ကော့ပြီးရီနေတဲ့ ဘုရင်ကိုကြည့်ပြီး စီရန်စိတ်ထဲတွင်
YOU ARE READING
system ဟွား (Complete)
Fanfictionအတိတ်ကိုရှာဖွေမယ် Start date -21.11.2023 End date -12.2.2024