8.7

1K 94 4
                                    

<Unicode>
စီရန်သူ့ဖခင်နဲ့ညစာအတူစားသောက်ပြီး နန်းဆောင်ပြန်ကာ ညအိပ်အဝတ်အစားလဲလိုက်သည်။

ဒီည နိုင်ရွန်က သူ့ဖခင်ကိုလုပ်ကြံမှာမလား..အဲ့တော့ အနီးကပ်နေပြီးကာကွယ်ရမယ်....

စီရန်က သူ့ဖခင်နဲ့ကုတင်တစ်ခုထဲတွင်အတူတူအိပ်စက်နေသည်။ဘုရင်ကတော့ သူ့ထပ်အရပ်ပိုမြင့်လာတဲ့သားကို အရွယ် ရောက်နေတဲ့သူလို့မမြင်ဘဲ ကလေးလို့သာမြင်နေသည်။

စီရန်ကတော့ နိုင်ရွန်လာရင် ဘယ်လိုလုပ်မလဲဆိုတာတွေးနေသည်။အကယ်၍နိုင်ရွန်လာလုပ်ကြံချိန် သူကာကွယ်ပြလိုက်ရင်လည်း သူ့ဖခင်က သူ့ခြေထောက်ပြန်ကောင်းနေတယ်ဆိုတာသိသွားနိုင်သည်။

'ဟွား ဘုရင်ကြီးကို အိပ်ဆေးအမှုန့်ဖြန်းပေးပါလား'

'ဟုတ် points 50 ကျပါတယ် လက်ကျန် points 8700 ပါ'

'ဟွား မင်းတစ်နေ့ထပ်တစ်နေ့ ပိုအပျင်းကြီးလာသလို အမြတ်ကလည်းပိုစားလာတယ်နော်'

'အော် ခွဲရတော့မှာမို့ပါ ဘာလဲ host ကငြိုငြင်တာလား'

'ကြိုက်သလိုသာလုပ်တော့'

စီရန် ဟွားနဲ့စကားပြော‌နေတဲ့အချိန် ဘုရင်ကြီးရဲ့မျက်ခွံတွေလေးလံလာသည်။ သူ့သားတော်ရဲ့မျက်နှာက တဖြေးဖြေးဝေးသွားသလို နှစ်ယောက်သုံးယောက်လိုဖြစ်သွားပြီးနောက် သူ့ကမ္ဘာကြီးကအမှောင်ကျသွားတော့သည်။

စီရန် သူ့ဖခင်အိပ်ပျော်သွားတာတွေ့တော့ ဖခင်ရဲ့ခန္ဓာကိုယ်ကို ကုတင်အောက်ကိုဆွဲထည့်လိုက်သည်။

ပြီးတော့ သူ့မျက်နှာမှာ ပုဝါအမဲကိုမျက်လုံးသာဖော်ထားပြီး ချည်လိုက်သည်။ပြီးတော့ ကုတင်ပေါ်မှာ စောင်ခေါင်းမြှီးခြုံပြီး အိပ်ဟန်ဆောင်လိုက်သည်။

သန်းခေါင်ယံအချိန်တွင် ပြတင်းပေါက်ကနေ လူတစ်ယောက်က ခြေသံဖွဖွလေးနဲ့ခုန်ကျော်ကာဝင်လာသည်။

လက်ထဲတွင်လည်း ဓါးတစ်လက်ကိုကိုင်ဆောင်ထားပြီး မျက်နှာ‌အောက်ပိုင်းကိုတော့ အနီရောင်ပုဝါနဲ့ချည်ထားသည်။

ဟွားက ဒီလူကိုတွေ့တော့ သူ့ host လည်းသိလောက်တယ်ထင်ပြီးမနှိုးဘဲထားလိုက်သည်။ဒါပေမဲ့ ထိုလူ ကုတင်ဘေးရောက်လာလည်း သူ့ host ကစောင်ကိုခေါင်းမြှီးခြုံထားမြဲပင်...

 system ဟွား (Complete)Where stories live. Discover now