2.3

1.6K 115 4
                                    

<Unicode>
နောက်တစ်နေ့ လီဂျွန်ဆုန်း ကုမ္ပဏီရောက်တော့ ဆွန်းယောင်းအွန်ကအတွင်းရေးမှူးလာလျှောက်လေသည်။

"ဂျွန်"

"ငါ့နာမည် လီဂျွန်ဆုန်း ဂျွန်မဟုတ်ဘူး"

"စိမ်းကားလိုက်တာဂျွန်ရာ"

"လူစကားနားမလည်တာလား"

"လီဂျွန်ဆုန်းဆိုလည်း လီဂျွန်ဆုန်းပေါ့ အတွင်းရေးမှူးလာလျှောက်တာပါ "

"နာမည်"

"ဆွန်းယောင်းအွန်"

"မခန့်ဘူး"

"ဘာလို့လဲ"

"အတွင်းရေးမှူးကရှိပြီးသား"

"ယောင်းအွန်က သူစိမ်းမဟုတ်ဘူးနော်ဂျွန် "

"ခေါ်ပြန်ပြီလား မခန့်ဘူးဆိုမခန့်ဘူးဘဲ"

လီဂျွန်ဆုန်းလည်း ဖုန်းဆက်ကာ လုံခြုံရေးခေါ်ပြီး ဆွန်းယောင်းအွန်ကိုနှင်ထုတ်လိုက်သည်။

အနှောက်အယှက်မရှိတော့ဘူးဆိုမှ အိမ်ကိုဖုန်းဆက်လိုက်သည်။

"ဝေ့ ဟဲလို အိမ်‌‌တော်ထိန်းလား"

"ဟုတ်ပါတယ် သခင်လေး"

"အင်း ဂီလေးကို နေ့လည်စာလာပို့ပေးဖို့ပြောပေးအုံး"

"ဟုတ်ကဲ့ပါ သခင်လေး"

လီဂျွန်ဆုန်းလည်း ဖုန်းချပြီးအလုပ်‌ဆက်လုပ်နေလိုက်သည်။အိမ်တော်ထိန်းက သခင်လေးဖုန်းဆက်ပြီး‌ပြောလာတာကြောင့် ခြံထဲမှာပန်းပင်ရေလောင်းနေတဲ့ ဆောင်းဂျောင်ဂီဆီသွားပြီး

"ဟိုတစ်ယောက်"

"ဗျာ ကျ‌နော့်ကိုခေါ်တာလား"

"နင့်ကိုမခေါ်လို့ ဒီမှာတစ်ခြားလူရှိသေးလို့လား"

"ဟီး မသိလို့ပါဗျ"

"ရုပ်ကိုက"

"ချစ်ဖို့ကောင်းတယ်မလားဗျ"

"အင်း မဟုတ်ပါဘူး လူကြီးကိုပြောင်စပ်စပ်နဲ့
သခင်လေးကပြောလိုက်တယ် နေ့လည်စာလာပို့တဲ့ သွားပြင်ဆင်ချက်ပြုတ်တော့"

"ဟုတ် သွားပါပြီဗျ"

ဆောင်းဂျောင်ဂီလည်း ရေချိုးအဝတ်လဲပြီးသူ့ကိုကိုစားဖို့စတင်ချက်ပြုတ်တော့သည်။အကုန်ချက်ပြုတ်ပြီး နာရီကြည့်လိုက်တော့ ၁၁ နာရီထိုးပြီမို့ ရေတစ်ခါပြန်ချိုးအဝတ်လဲပြီး အိမ်ကဒရိုင်ဘာခေါ်ကာ ကုမ္ပဏီဆီထွက်လာလေသည်။

 system ဟွား (Complete)Where stories live. Discover now