ပေကြိုးကို လည်ပင်းပေါ်ဝိုက်ထားလိုက်ရင်း နှုတ်ခမ်းကကိုက်ထားသည့် ခဲတံကို လက်ကဆွဲယူကာ Pattern စာရွက်ပေါ် ပေကွေးနဲ့ ပုံဖော်ဆွဲချလိုက်သည်။
ဆံပင်ရွှေဝါရောင်လေးသည် အကောက်ဖွာဖွာလေးတွေကြောင့် ပို၍ အူယားစရာဖြစ်နေပေမည်။ဘေးနားက သူသင်ပေးတာကြည့်နေသူတွေထဲတွင် သူသင်ပြတာကို တစိုက်မတ်မတ်နားထောင်သူတွေပါသလို သူ့ကိုအနေကြပ်လောက်အောင်ထိ ငမ်းနေတဲ့သူတွေလည်းပါတာသူသိသည်။
"ထယ်ယောင်းရေ ဖုန်းလာနေတယ်"
ထယ်ယောင်း ပြုံးလိုက်မိသည်။သူ့Personal ဖုန်းကိုဆက်မည့်သူသည် မောင် တစ်ယောက်သာရှိမည်မလား။
ထယ်ယောင်း လုပ်လက်စကို ခဏထားကာ မယု လှမ်းပေးလာသည့် ဖုန်းကို ခပ်ရွှင်ရွှင်လေး ကိုင်လိုက်သည်။
"မောင်"
သူဒီလိုခေါ်လိုက်သည်နှင့် ဘေးက ဝန်ထမ်းလေးတွေကတော့ ခပ်ပြုံးပြုံးနှင့်ငေးကြည့်နေကြမည်။သူ့ဆီ သင်တန်းလာတက်တဲ့သူတွေကလည်း သူနှင့်မောင့်အကြောင်းကို သိပြီးဖြစ်၍ သူ့ဒီလို ခေါ်လိုက်သည်ကိုဘဲ အငမ်းရပ်သွားမည်မဟုတ်ပေ။ဘာလို့ဆို မောင်ဆိုတာ ဒီနိုင်ငံရဲ့Top 1
အန်ကယ်Minရဲ့သားကိုးးး
သူ့သားနဲ့ ထယ်ယောင်း ပတ်သတ်မှု တစ်နိုင်ငံသိသလို ဒီထဲမှာ ရှိနေတဲ့သူတွေပါသိသည်။"မောင် မင်းဘယ်တော့ပြန်လာမှာလဲ"
"ပြန်မလာသေးဘူး ထယ် ....ဒီမှာ ပြင်သစ်မလေးတွေနဲ့ အဆင်ပြေနေတာ မနက်ဖန် အီတလီသူလေးတွေနဲ့ Blind dateမလို့"
ထယ်ယောင်း ခပ်ပြုံးပြုံးသာ မနာလို အူတို သဝန်တိုတာမျိုးလည်း မရှိပေ။ဒါတွေဟာ ရိုးနေပြီမလို့လားဆို သူ့ခံစားချက်သူမသိသေး၍ မဖြေတတ်ပေ။
"ငါ့ဆီ ဘာလို့ဆက်တာလဲ"
"လွမ်းလို့"
"အဟား"
ထယ်ယောင်းခပ်သော့သော့ရယ်လိုက်မိသည်။
"မင်းလုပ်စရာရှိတာလုပ်လေ ငါမအားဘူး ဖုန်းချလိုက်မယ်"
"နေအုံး"
ထယ်ယောင်း ဘာဆက်ပြောမလဲ နားထောင်နေလိုက်သည်။