s

584 60 9
                                    

"မိန်းမ ယူမှာလား"

"သိရက်နဲ့ ဒယ်ဒီရာ"

ဂျီမင် မဖြေချင်တဲ့ မျက်နှာဘေးနဲ့ သူ့အဖေကို ပြန်ဖြေလိုက်သည်။ဖအေဖြစ်သူသည် သားအား သေချာကြည့်ကာ ခေါင်းခါနေသည်။

"Two waysလား"

"Only way ဒယ်ဒီ"

"ဟမ် ဘာတုန်း only way"

"One wayဆိုတာက ဘယ်သူမဆို ဖြစ်နိုင်တယ် အခုက Only Kim Taehyung way"

"ဟ"

ဖအေ ဖြစ်သူ ပါးစပါအဟောင်းသားဖြစ်သွားသည်။

"ဒါဆို မြန်မြန်ယူ မင်းအဘိုးထားခဲ့တဲ့ အမွေတွေ ငါ ထိန်းပေးရတာ ဘယ်လောက်ပင်ပန်းတယ်ထင်လဲ"

"ယူဖို့ မပြောနဲ့ ချစ်တယ်တောင် မပြောဖူးဘူး ဒယ်ဒီ"

"ဟ"

အံ့ဩရပြန်ပြီ

ဂျီမင် ပိုင်ပါဆိုသည့် မျက်နှာဘေးနဲ့ ခေါင်းတွေ ငြိမ့်ကာ ပျော်ပြနေသည်။

"ဒါဆို ငါ့မျက်နှာပျက်အောင်လုပ်နေတာလား "

"ဘာလဲ ဒယ်ဒီရ"

"ငါ့အသိ မိတ်ဆွေတွေရဲ့ သမီးတွေနဲ့တွဲလိုက် ပျော်လိုက် ကဲလိုက်နဲ့ ပြီးတော့ တစ်ယောက်မှ မချစ်ဘဲနဲ့ ငါ့သားရာ"

"အဆန်းဖြစ်အောင်လို့ပါ ဒီတစ်ယောက်နဲ့ဘဲတွဲ ဒီတစ်ယောက်နဲ့ဘဲယူဆိုတာ ရှေးဟောင်း logistic ကြီး ဒယ်ဒီ"

ဖအေ ဖြစ်သူက ဖိုင်တွဲကို ဂျီမင့်ရှေ့ လှမ်းပေးလိုက်သည်မို့ ဂျီမင် လှမ်းယူလိုက်သည်။

"မင်းယောက္ခ အကြွေးတွေနဲ့ သိမ်းခံရတဲ့ တိုက်နဲ့ ခြံ ၁၀နှစ်ကာလလုံး ပြန်မရတာ အခုပြန်ရခဲ့ပြီ"

ဂျီမင် စာချုပ်တွေ လှန်လှောကြည့်ရသည်။

"ကာလ ပေါက်ဈေး သိန်း၈သောင်းတဲ့လား ဈေးက ဟိုက်ရှားဘားဘဲ"

"မင်းအမွေတွေထဲက ငါပြန်ဝယ်ထားတာ မင်းဘာမင်းမှတ်ထားဦး ၈သောင်းလျှော့"

ဂျီမင် ပြုံးကာ ဒယ်ဒီကို ခေါင်းကလေးငြိမ့်ပြလိုက်သည်။

"မမှတ်တော့ဘူး အဘိုးထားခဲ့တာ ကုဍေနဲ့ချီရှိတာဘဲ သားအဖချင်းဘဲ ဒယ်ဒီ့ကို ယုံပါတယ်"

Just friendship in their sight (Complete)Where stories live. Discover now