"ထယ်ယောင်း ခါးပတ်ပတ်အုံးလေ ပြုတ်ကျမယ်"
"ဟုတ် မယု"
ထယ်ယောင်း ပတ်မလို့ရှိသေး မောင်က နောက်ကနေ ရောက်လာပြီး ခါးပတ်ပတ်ပေးသည်။မောင်သူ့ခါးကိုဝိုက်ဖက်ကာ ပတ်ပေးနေတုန်း မောင့်ကောင်မလေးက လက်ပိုက်ကာ ရပ်ကြည့်နေသည်။မောင်က ဦးထုပ်ယူကာ ထယ်ယောင်းခေါင်းမှာ ဆောင်းပေးပြီး မေးသိုင်းကြိုးပါတပ်ပေးသည်။
"မောင်ရော အပင်ပေါ်မတက်ဘူးလား"
မောင်က ထယ်ယောင်းပြောတာ ပြန်မဖြေပေ။ထယ်ယောင်း ရှေ့ဒူးထောက်ကာ ထယ်ယောင်းဒူးကိုအကာ ဝတ်ပေးနေသည်။ဒူးကာဝတ်ပေးပြီးသည်နှင့် လက်တံတောင်အကာဝတ်ပေးသည်။
"စိတ်မချပါဘူး ထယ်က အမြင့်ကြောက်ကြောက်နဲ့ အပင်ပေါ်တက်တာ ဒီအတိုင်းကြီး အပင်ကဖြင့်အမြင်ကြီး မောင်ပါအတူတက်မယ်"
ထယ်ယောင်းရယ်ကာ မောင့် မေးက ဦးထုပ်ကြိုးပြန်သိုင်းပေးလိုက်သည်။
"ငါကလေးလား ငါမကြောက်ပါဘူး နှစ်ယောက်တစ်တွဲတက်မှာဘဲ ငါ့ဘေး မယုပါတယ်လေ မောင်"
မောင်က ခပ်ပြုံးပြုံးဖြစ်နေတဲ့ မယုဘက်လှည့်ကာ
"မယု ထယ်နဲ့အတူ မတက်နဲ့တော့ ကျွန်တော်နဲ့ လဲမယ် မယု ရှင်းနဲ့တက်လိုက်"
ထယ်ယောင်း အခုမှသတိရမိတာ ရှင်းဆိုတဲ့ကလေးမလေး
ထိုကလေးမလေးက မောင်နဲ့အတူ ဆိုင်ကိုလိုက်လာကာ သူ့ကိုအတင်းရောထားတာ မောင့်ကို သူနဲ့သဝန်ကြိတ်တိုနေတာ သူသိသည်။မောင်လည်းသိသည်။သိလည်းမတတ်နိုင် ဒါသူနဲ့မောင်ရဲ့ ငယ်ကတည်း နေထိုင်လာသည့်ပုံစံ
"ရှင်း အစ်မယုနဲ့ တက်လိုက် ကို ထယ်နဲ့အတူတက်မယ်"
ခွင့်တောင်းနေတာ မဟုတ်ဘဲ အမိန့်ပေးနေတာမို့ ရှင်း ငြင်းမရပေ။
"တက်လို့ရပြီ"
ဒီက ဝန်ထမ်းအစ်ကိုက လှမ်း အော်ပြောတာမို့ သူနှင့်မောင် ကြိုးကို ကိုင်ကာ ဘေးတိုက်ယှဉ်တွဲကာအတူ သစ်ပင်ပေါ်တက်ကြသည်။
အသဲယားဖို့ကောင်းသည်။တောတွင်း လှုပ်ရှားမှုတွေက စိတ်လှုပ်ရှားဖွယ်ကောင်းသလို သဲထိတ်ရင်ဖိုဘဲ