d

524 49 12
                                    

"မောင်လေး ထယ်..."

ထယ်ယောင်း သင်တန်းသားတွေ ရှိနေ၍ အလောတကြီးနဲ့ အခန်းထဲ ဝင်လာသည့် မယုနဲ့ မနော်ထားကိုစိတ်မောစွာ လှည့်ကြည့်မိသည်။

"အားလုံးဘဲ အစညှပ်ကြည့်ထားနော် မော်မော် လိုက်ကြည့်ထားပေး"

"ဟုတ်ကဲ့"

မယုနဲ့ မနော်ထားက ထယ်ယောင်း လက်တစ်ဖက်ဆီ ဆွဲကာ အခန်းထဲက ခေါ်ထုတ်လာသည်။

"ဘာလဲ အစ်မ ဘာဖြစ်တာလဲ ပြောပါအုံး"

"ဂျီမင်လေ ကားအက်စီးဒင့် ဖြစ်လို့"

"ဟင်"

ရင်ထဲ ဝုန်းကနဲ ပူပင်ရပြန်သည်။မနော်ထားနှင့်မယုက ဆွဲခေါ်သွား၍ ကားပေါ် ဘယ်လိုက ဘယ်လိုရောက်သွားသည်မသိ။မောင့်ဖုန်းကို ထယ်ယောင်းဆက်ကြည့်မိသည်။မောင် ဖုန်းမကိုင်ပေ။

"ဘယ်လို ဖြစ်တာလဲဟင်"

"မသိဘူး သူ့PAဆိုင်ဖုန်းဆက်တာ"

ထယ်ယောင်း မျက်ရည်ဝဲမိတာဘဲ

မယုက ကားမောင်းရင်း နောက်ခန်းက ထယ်ယောင်းကို ကားမှန်ကတစ်ဆင့် လှမ်းကြည့်ရသည်။မနော်ထားကတော့ ထယ်ယောင်းဘေးကနေ နှစ်သိမ့်ဖို့ ထိုင်သည်။

"မောင် တစ်ခါမှ အဲ့လို မဖြစ်ဘူးပါဘူး"

"ထယ်ယောင်းက သူ့ကိုပစ်ထားတာကိုးးး"

"ဟင့်အင်း မောင်က ချစ်သူရှိနေတာဘဲ ပစ်မထားလို့ရမလား အစ်မကလည်း"

မနော်ထားက ထယ်ယောင်း မျက်နှာအကဲခတ်ကာ

"သူချစ်တာ ထယ်ယောင်းဆိုတာသိနေရက်နဲ့ ပစ်ထားတော့ ဂျီမင့်ခင်ဗျာ ခံစားရတာပေါ့"

ထယ်ယောင်းစိတ်ထဲ ယုံတစ်ဝက်မယုံတစ်ဝက် မနော်ထားကလည်း မောင့်လူဖြစ်နေပြီထင်သည်။မယုကလည်း ကားမောင်းရင်း ထယ်ယောင်းကို အကဲခတ်ခတ်နေတာ ဘာလဲ ဒါမောင့်အကြံလား

ထယ်ယောင်း ကျချင်နေတဲ့ မျက်ရည်တောင် မကျတော့ဘဲ စိတ်ကို တင်းထားလိုက်သည်။

မောင် မင်းအကြံဒါအကုန်လား

စိတ်လည်းဆိုးချင် စိတ်လည်းပူနေမိတာမို့ သက်ပျင်းချကာ ဖုန်းထဲက မောင့် Instagram ကိုသာကြည့်နေမိသည်။

Just friendship in their sight (Complete)Where stories live. Discover now