မောင့်အင်္ကျီကြယ်သီး ထယ်ယောင်းတပ်ပေးသည်။ဒီနေ့က Hotel ဖွင့်ပွဲဆိုပေမယ့် မောင်က ထယ်ယောင်းအတွက် ဦးစားပေးကာ နာမည်ကြီး ModelတွေရောIdolတွေပါ Run way fashion ပွဲစီစဉ်ပေးသည်။
"ထယ်"
"ဟင်"
မောင်က ထယ်ယောင်း ခါးက လွတ်နေသည့် အင်္ကျီကလေး ဆွဲချကာ
"ခါးပေါ်နေပြီလေ"
"မောင်ကလည်း ငါက designerပါဆို အလန်းဝတ်ရမှာပေါ့ ခါးကပေါ်နေပေမယ့် အပေါ်ကနေ တစ်ထပ် ထပ်မှာလေ"
မောင်နှင့်သူ အရောင်ဆင်တူသည်။ဒါလည်းမောင့် စိတ်ကြိုက် စုံတွဲဝတ်စုံလို့တောင် ပြောရမည်။မောင်က ခဲရောင် အနောက်တိုင်းဝတ်စုံကိုမှ ပုခုံးပေါ်မှာ ကနုတ်ဒီဇိုင်းနှင့် ထယ်ယောင်း လည်း ခဲရောင် style pantsနဲ့ ခဲရောင် လက်ပြတ်crop topလေး ဝတ်ထားသည်။ပြီးမှ အပေါ်ကနေ ကုတ်အရှည်လေးထပ်ဝတ်သည်။မောင့်အင်္ကျီပုခုံးပေါ်က ကနုတ်ပေါ်ကဒီဇိုင်းက ထယ်ယောင်း crop top အင်္ကျီက ဒီဇိုင်းနဲ့အတူတူ
ထယ်ယောင်း ကုတ်ကို ကြယ်သီး မတပ်ထား၍ ထိုကနုတ်ဒီဇိုင်းက မောင်နဲ့အတူတူဆိုတာ ထင်းနေတာဘဲ
"မောင် ညကြ မောင်နှုတ်ခွန်းဆက်ရမယ်မလား စကားလုံးတွေ စဉ်းစားထားပြီးပြီလား"
ဖုန်းထဲက ကောင်မလေးနဲ့ စာပို့နေတဲ့ မောင့်အား ထယ်ယောင်း သေချာမေးပစ်လိုက်သည်။
ပါးစပ်ကမေးရင်း လက်က iPad တို့ ဖုန်းတို့ ပိုက်ဆံအိတ်တို့ အိတ်ထဲထည့်ရသည်။
"မောင် ဘာမှစဉ်းစားစရာ မလိုဘူးထယ် အဲ့လောက်လည်းမဟုတ်ဘဲ "
ထယ်ယောင်း အိပ်ခန်းထဲက ထွက်လာတော့ မောင်နောက်ကပါလာသည်။
"ပေး ထယ့်အိတ် မောင်သယ်မယ်"
မောင်က သူ့အိတ်လေး လွှဲယူသည်။
ထယ်ယောင်းနှင့်မောင် ကားပါကင်ဆင်းလာကြသည်။မောင်ကိုယ်တိုင် ကားတံခါးဖွင့်ပေးကာ ထယ်ယောင်းကို ကားထဲ ဝင်စေသည်။ပြီးမှ မောင်က driver seatဘက်လာကာ ကားထဲဝင်လာသည်။"ထယ်"
"ပြောလေ"
မောင်က ပြုံးကာ ထယ်ယောင်း ပါးလေး နှစ်ဖက် လက်နဲ့ ထိန်းကိုင်ကာ ထယ်ယောင်းနှုတ်ခမ်းပြွတ်ကနဲ နမ်းသည်။