"အစ်မက အန်ကယ်မင်နဲ့ ဖေဖေရဲ့ အကြောင်းအသေးစိတ်သိတဲ့သူလေ မေးချင်တာရှိလို့ပါ"
"ရှေ့နေမှာ စည်းရှိတာ မင်းသိတယ်နော်"
ထယ်ယောင်း သက်ပျင်းကလေး မသိမသာချကာမောင့်ကို အားကိုတကြီး လှမ်းကြည့်မိသည်။မောင်က သူစစ်ကူတောင်းတာ သိပေမယ့် သေချာ ဘာမှဝင်မပြောပေ။မောင်ကိုယ်တိုင်က အဖေ့အကြောင်းနဲ့ပတ်သတ်ပြီး ထယ်ယောင်းကို ဘာမှ သိစေချင်သည့် လူမှ မဟုတ်တာ
"မောင် ကူပြောပေးအုံးလေ"
မောင်က ထယ်ယောင်း ဆံပင်ကြားထဲ လက်ချောင်းလေးတွေထည့်ကာ သပ်ချပေး၏။
"ဘာလို့ သိချင်နေတာလဲ ထယ့်ဖေဖေငွေလိမ်တာ ဒီနှစ်အတွင်းကို လွတ်တော့မယ်ဟာ"
"မဟုတ်ဘူးလေ အန်ကယ်မင်က ငါ့အားနာလို့မပြောတာ ငါ့အဖေက မောင့်ဖေဖေကို တအားအ ကောက်ကြံခဲ့တာ ငါသိတယ် ဘာတွေလုပ်ခဲ့သေးလဲ သိချင်တာ"
"ကုမ္ပဏီ ရှယ်ယာအလွဲသုံးစားလုပ်တာ ထယ်ယောင်းအသိဘဲလေ"
"စိန်ခိုးတယ်ဆိုတာကရော"
"ကျစ် ထပြန်မယ် ပရမ်းပတာတွေမေးပြီး အတွေးပေါက်အုံးမယ် ပြီးရင် အမြဲ အိပ်ယာထဲ ခွေနေအုံးမယ်မလား ထ မောင်စိတ်မတိုချင်ဘူးနော်ထယ်"
မောင်က ထကာ လက်ကမ်းတော့ ထယ်ယောင်း ပေကပ်နေမိသည်။ဒီအဖြေ မသိရမချင်းမပြန်ဘူး ဒါတွေသိမှ အဖေလွတ်လာရင် နောက်နောင် မလုပ်ဖို့နဲ့ အန်ကယ်မင့်ကို တောင်းပန်ဖို့ တိုက်တွန်းရမည်မလား
"ဟင့်"
မောင်ကထယ်ယောင်း ဆွေ့ကနဲပွေ့ကာ ချီလိုက်သည်။ရှေ့နေအစ်မက နှစ်ယောက်ကို ပြူးပြဲကာ ကြည့်နေသည်။
"မောင် ငါမပြန်ဘူးနော်"
"မရဘူး"
မောင်က ထယ်ယောင်းပွေ့ကာ အိမ်ထဲက ထွက်လာလိုက်သည်။ ကားပေါ်တင်ပေးကာ ကလေးတစ်ယောက်လိုပင် ခါးပါ ခါးပတ်သိုင်းပေးလေသည်။
"ဘာစားမလဲ"
ထယ်ယောင်း စကားမပြော။မောင့်ကို မျက်စောင်းထိုးကာ တစ်ဖက်မျက်နှာမူလိုက်သည်။