"ပန်းပွင့်အဖြူရောင်လေးထဲမှာ ခရမ်း ရောင်လေးထားရင်ရော"
ဂျီမင် ခေါင်းငြိမ့်လိုက်သည်။
"နေကြာပန်းကို ထယ်က အကြိုက်ဆုံးဘဲ မဖူး နေကြာပန်းလိုဘဲ ထယ်နဲ့ကျွန်တော် အတူတူကြာကြီးနေရမယ်ဆိုတဲ့ အဓိပ္ပာယ်လေး သဘောကျတယ်"
မဖူးက ပြုံးသည်။ခေါင်းငြိမ့်ကာ နားထောင်သည်။
"မောင်လေး ခြံကြီးက တအားကျယ်တာ အစ်မတို့ တစ်ညတည်းနဲ့အပြီးလုပ်ပေးရမှာတောင် ရင်ခုန်တယ်"
ဂျီမင်တို့ ခြံရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေကြတာ ဖြစ်သည်။
"မနက်ဖန် မနက် ၉နာရီလောက်ဆို မင်းစိတ်ကြိုက်ဘဲ ဂျီမင်"
"ထယ့် စိတ်က်ြုက် ထယ်ပျော်ရတာနဲ့ မင်္ဂလာဆောင်ကြ မဖူးတို့ကမ္ပဏီနဲ့ လက်တွဲမှာပါ"
"စိတ်တိုင်းကျဖြစ်စေရမယ် ထယ်ယောင်းလေးလည်းကြိုက်စေရမယ် မင်းလည်း ခုလို supriseတွေ အများကြီး စီစဉ်ချင်သွားစေရမယ်"
ဂျီမင်ပြုံးကာ ခြံကြီးထဲက မြေနေရာကို ငေးကြည့်မိသည်။
ဟိုးအတိတ်ရက်က ငယ်ဘဝ ပုံရိပ်တွေ ထင်းလာသည်။
"ပြေး ငါဖမ်းမယ် မောင်"
"ထယ်က ပြေး မောင် လိုက်ဖမ်းမယ်"
"ဟင့်အင်း ငါလိုက်ဖမ်းမှာ"
သုံးနှစ်သားလုံးလေး နှစ်ယောက်ရဲ့ အချေတင်စကားပြောနေပုံကို မိဘတွေကြည့်ကာ ပြုံးနေကြလေရဲ့
"မောင်...ပြေးးး ပြေးးး"
ထယ်ယောင်းငယ်ငယ်က အခုလိုပင် ဆံပင်ခပ်အုပ်အုပ်လေး နဲ့ ပိန်သွယ်သွယ် စတိုင်လ်မိမိလေးပင်။ထယ်ယောင်း အခုလို စတိုင်ကျနေတာ မိခင်က ဒီဇိုင်နာဖြစ်လို့ဟု ပြောရင် မမှားပေ။
ဂျီမင်ကတော့ ပါးကလေးဖောင်းကာ နဲနဲ လေးပြည့်သည်။ထယ်ယောင်းလေးကို ငယ်ကတည်း အနိုင်ယူကာ မောင်ဟု ခေါ်ခိုင်းတာပင်
ဂျီမင့် အမေက ဂျီမင့်အဖေကို မောင်ဟု ခေါ်တာ ကြားပြီး ထယ်ယောင်းကို မောင်ဟု သူ ခေါ်ခိုင်းထားတာပင်