မောင်ကတစ်လမ်းလုံး စကားမပြောသလို အိမ်ရောက်တော့လည်း စကားမပြောပေ။
ထယ်ယောင်း အိပ်ယာပေါ်ထိုင်ကာ မောင့်လှုပ်ရှားမှုတွေ ကြည့်နေမိသည်။မောင်က ဗီရိုကြီးထဲက အဝတ်တွေ စိတ်တိုတို ဆွဲထုတ်ကာ ရေချိုးခန်းထဲ ဝင်သွားလေသည်။
ထယ်ယောင်း မတတ်နိုင်ပေ။ချစ်တယ်မပြောဘဲ သူအပိုင်ပါလို့ ကြွေးကြော်နေတဲ့ မောင့်ကို ဘယ်လိုယုံရမလဲ အချိန်တန်ရင် မောင်ဟာ မိန်းမယူမှာဘဲ ထယ်ယောင်းဘဲ ရင်ကွဲရမှာကြောက်သည်။ရင်ကွဲရခြင်းအတူတူ အစကတည်းက ဖြတ်ထားမှ
မောင့်အတွက် ညစာပြင်ထားလိုက်သည်။မောင်က ထယ်ယောင်းကိုကြည့်ကာ
"မစားတော့ဘူး "
ထယ်ယောင်း ခေါင်းလေးငြိမ့်ကာ ရေချိုးခန်းထဲဝင်ဖို့ ဆုံးဖြတ်လိုက်သည်။မောင်က မကျေနပ်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာ ထယ်ယောင်းသိသည်။သိလည်း မတတ်နိုင်ပေ။
ထယ်ယောင်း ရေချိုးပြီးတော့ မောင်က အိပ်ယာပေါ်မှာ သူ့ကောင်မလေးနဲ့ video callပြောနေလေရဲ့
"ချစ်တယ် ရှင်း မောင်လေ ရှင်းကိုသိပ်ချစ်တာဘဲ"
ထယ်ယောင်း ခြေလှမ်းတို့တန့်ကာ အသားများတဆတ်ဆတ်တုန်လာသည်။မောင်က တခြားသူကို ချစ်တယ်တဲ့လား ဘာ သုံးလိုက်တဲ့ နာမ်စားက မောင်တဲ့လား
ထယ်ယောင်း မောင့်ကို လှည့်မကြည့်ပေ။မောင် ထယ်ယောင်းကို ကြည့်နေတာသိသည်။အမြန်စားပွဲဘက်လှည့်ကာ Ipadနဲ့ ဖုန်းကောက်ယူလိုက်သည်။မောင့်အသံ နားထဲ မကြားရတော့ပေ။
တဆတ်ဆတ်တုန်နေတဲ့ ကိုယ်လေးဟာ ခြေလှမ်းသွက်သွက်ဖြင့် အခန်းထဲက ထွက်လာခဲ့သည်။မောင်အခုထိ သူ့ကိုကြည့်နေဆဲ ထယ်ယောင်းအံကြိတ်ကာ Condoကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဟာ ထယ်"
ဂျီမင် နောက်က လိုက်တော့ ထယ်ယောင်း ထွက်သွားပေပြီ။ဓာတ်လှေကား အမြန်ပိတ်ကာ အောက်ဆင်းလာခဲ့သည်။ကားပေါ်တက်ကာ အရှိန်နဲ့ မောင်းထွက်လာတော့သည်။
"ထယ်...."
မောင့်ခေါ်သံကြားပေမယ့် မျက်ရည်ကြားက နာကျည်းစွာ ပြုံးပြီး ကားကို မောင်းတော့သည်။