"Dinnerက အရေးကြီးလို့လား မောင်"
မောင်က ရေချိုးခန်းထဲက တပတ်တစ်ထည်အောက်ပိုင်းပတ်ကာ ထွက်လာသည်။
ထယ်ယောင်း မောင့်အတွက် အင်္ကျီ ထုတ်ပေးတော့ မောင်က နောက်ကနေ ခါးလေး ဖက်သည်။မောင့်ဆံပင်က ရေတွေ ထယ်ယောင်းကျောပေါ်ကျလာ၍ ထယ်ယောင်း မောင့်ကို အတင်းဖယ်ကာ ဘေးရှောင်ထွက်သည်။မရပေ။မောင်က ထယ်ယောင်း ကိုယ်လေးဆွဲလှည့်ကာ ကျောပြင်နဲ့ဗီရိုကပ်ပစ်သည်။
"မောင်"
မောင်က အလိုကျသည့်အခါ ပြုံးတတ်သည့် ဟန်နှင့် ပြုံးကာ ထယ်ယောင်းနှုတ်ခမ်းကလေး ဆွဲစုပ်သည်။မောင့် လက်ကတွေက ထယ်ယောင်းခါးထိန်းကိုင်ကာ တဖြည်းဖြည်း အိပ်ယာဘက်ဆွဲခေါ်သွားသည်။
အိပ်ယာပေါ်တွန်းလွှဲကာ မောင်က ထယ်ယောင်းကိုယ်ပေါ်က အုပ်မိုးလိုက်သည်။
"ပြွတ်"
"မောတယ်"
"သဝန်တိုနေတာတွေလျှော့ မောင်က မင်းကလွဲရင် ဘယ်သူ့မှ ယူမှာမဟုတ်ဘူးထယ်"
ထယ်ယောင်း မယုံပါဘူးဆိုသည့် မျက်လုံးလေးနဲ့ကြည့်တော့ မောင်ကထယ်ယောင်းလည်ပင်းကို မျက်နှာအပ်ကာ လျှာနဲ့ လိုက်လျှက်တော့သည်။
ဘုရားရေ မောင့်လက်က ထယ်ယောင်း တင်ကလေးဆီ ရောက်လာနေပြီ
ထယ်ယောင်း တင်းလုံးကလေးအောက် လက်တစ်ဖက်လျှိုဝင်ကာ ညှစ်ချလိုက်တော့ မောင့်ကိုတွန်းကာ ထယ်ယောင်းထလိုက်သည်။
"မောင်"
မောင်က ခပ်ဟဟ ရယ်နေလေသည်။
"မင်း ဒါက ဘယ်ကတက်လာတာလဲ ဘာလဲ အီတလီသူနဲ့"
"ဟေးးး ထယ် မဟုတ်ဘူးနော် မောင်မင်းထင်သလိုမဟုတ်ဘူး"
ထယ်ယောင်း မောင့်ကို မယုံကြည်သလိုကြည့်လိုက်တော့ မောင်က ကျစ် ကနဲစုပ်သပ်ကာ ထယ်ယောင်း ကိုယ်လေး ဆွဲယူပွေ့ကာ သူ့ပေါင်ပေါ်တင်သည်။
ထယ်ယောင်း မောင့်ကို မျက်စောင်းလေးထိုးလိုက်တော့ မောင်က ထယ်ယောင်းပါးကလေး လာနမ်းသည်။
"မောင် ဒီည dinnerပွဲ မင်းနဲ့အတူတက်ချင်တာ"
ထယ်ယောင်း မောင့်ကို မေးသင့်မမေးသင့်စဉ်းစားရသည်။
"အီတလီသူရောလာမှာလား"