အနမ်းဇာတ်ဝင်ခန်း
အနုပညာလောကထဲကို အတွေ့အကြုံမရှိ၊ လေ့ကျင့်မှူမရှိပဲ အစိမ်းသက်သက် စတင်ဝင်ရောက်လာတာကြောင့် ကျန်းဟောင့်ဟာ သူများတွေထက် အဆနှစ်ရာ ပိုပြီးကြိုးစားခဲ့ရသည်။ ပထမဆုံး ဇာတ်လမ်းတိုလေးမှာ ကျောင်းသားဇာတ်လမ်းဖြစ်တာကြောင့် ထိုအချိန်က ကျန်းဟောင့်ကိုယ်တိုင်ကလဲ ကျောင်းသားဖြစ်၍ အများကြီးမခက်ခဲသည့်တိုင် အမူအရာတွေက အေးစက်စက်ဖြစ်သည့်ကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာဆီမှ အဆူခံရတတ်သည်။ ကျန်းဟောင့်မှာလည်း အလုပ်တစ်ခုခု၊ ကိစ္စတစ်ခုခုကိုလုပ်သည့်အခါ ပြီးပြည့်စုံနေမှ ကျေနပ်သည့် လူတစ်မျိုး ဖြစ်သည့်အတွက် သရုပ်ဆောင်အပိုင်းနဲ့ပတ်သက်ပြီး စိတ်နှစ်ကာလေ့လာခဲ့သည်။ ထို့ကြောင့် ကျန်းဟောင့်ရဲ့ ရုပ်ရှင်၊ ဇာတ်လမ်းများဟာ တစ်ကားနဲ့တစ်ကား ပိုပြီး ပြောင်မြောက်လာလျက်။
Perfectionist တစ်ယောက်သည် အရာရာတိုင်း မိမိကိုယ်တိုင်လုပ်ရမှ ကျေနပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းဟောင့်ဟာ ရှေးခေတ် ဝူရှ၊ ရှန်းရှ ဇာတ်လမ်းများ ရိုက်သည့်အခါ၌ များသောအားဖြင့် စတန့်သမားကို အသုံးမပြုပဲ ကိုယ်တိုင်သေချာလေ့ကျင့်ပြီး ရိုက်ကူးရတာကို သဘောကျ၏။ ဖျော်ဖြေရေးလောကကို စတင်ဝင်ရောက်သည့်နေ့မှစ၍ ခန္ဓာကိုယ် ထိန်းသိမ်းဖို့လည်း လုပ်ရတာကြောင့် လေ့ကျင့်ခန်းလုပ်လိုက်၊ material art သင်တန်းများ တက်လိုက်ဖြင့် ဆက်တိုက် အနားမယူပဲ သင်ယူနိုင်တာက ကျန်းဟောင့်ရဲ့ အားသာချက်ဖြစ်နိုင်ပါတယ်။
ရှေးခေတ်ဇာတ်လမ်းများရိုက်သည့် သရုပ်ဆောင်များအတွက် အရေးကြီးဆုံးက ခန္ဓာကိုယ်ဖြစ်သည်။ တရုတ်ရှေးရိုးရာဝတ်စုံမှာ အလွှာပေါင်းများစွာ ပါဝင်တာကြောင့် သင့်တော်သည့် ခန္ဓာကိုယ်ထိန်းသိမ်းမှုမရှိပဲဝတ်လျှင် ကင်မရာထဲတွင် တော်တော်လေး ကြည့်ရဆိုးနိုင်၏။ ထို့ကြောင့် ရှေးခေတ် ဒရမ်မာများ ရိုက်ကူးမဲ့ မင်းသား၊ မင်းသမီးတွေဟာ diet လုပ်လေ့ရှိတာလေ။ ထိုကဲ့သို့ ခန္ဓာကိုယ်ကို ထိန်းသိမ်းလေ့ရှိသည့် အနုပညာရှင်ထဲတွင် ကျန်းဟောင့်လဲ အပါအဝင်ဖြစ်သည်။ ကျန်းဟောင့်သည် မနက်အိပ်ရာထလို့ မေးရိုးအောက်နားက ဖောင်းနေရင်တောင် သဘောမကျတဲ့လူ။