Critical Hour
မေ့ဆေးအရှိန် ပြေခါစဖြစ်တာကြောင့် ဖြစ်ပါလိမ့်မည် ကျန်းဟောင့်အခုချိန်အထိ ကြိုးဖြင့်တုတ်ခံထားရသည့် ခြေထောက်နှင့် လက်ချောင်းများ လှုပ်ရှားလို့မရသေးသော်လည်း အသိစိတ်တော့ အနည်းငယ်ဝင်လာခဲ့သည်။ အိတ်အမည်းနှင့် တစ်ခေါင်းလုံးကို စွပ်ထားတာကြောင့် ပတ်ဝန်းကျင်ကိုမမြင်နိုင်သည့်တိုင် သေချာပေါက် မြို့စွန်မြို့ဖျားတွင်ရှိနေကြောင်းကို တိုးငြင်းစွာကြားနေရသော ပုစဉ်းရင်ကွဲတို့ဟစ်အော်နေသည့် အသံများက သက်သေပြလျက်။
တဖြည်းဖြည်း အေးစိမ့်လာသည့် ရာသီဥတုကြောင့် ညအချိန်ဖြစ်မှန်း ကျန်းဟောင့်သိလိုက်၏။ အချိန်အနည်းငယ်ကြာလာသည်နှင့်အမျှ လက်ချောင်းများ လှုပ်ရှားလို့ရလာပြီး အအေးဓာတ်ကြောင့် အေးစက်လာမှူကို ခံစားလာရ၏။ ရာသီဥတုကြောင့်လား မျက်လုံးကိုဖုံးထားတာကြောင့်လား မပြောတတ် ရှန်ဟိုင်း၏ နှင်းကျသောနေ့များထက်တောင် အေးစက်နေကြောင်း ခံစားနေရသည်။ သူ့ရဲ့ အေးစက်နေတဲ့လက်တစ်စုံကို အလိုက်တသိ ဆုပ်ကိုင်ထားပေးမဲ့ ဆောင်းဟန်ဘင်းမရှိတာကြောင့်များလား...လက်ချောင်းများဟာ အအေးဒဏ်ကြောင့် ကိုက်ခဲလာသလိုပင်...
နေထွက်လာမည့်အချိန်ကိုမြန်မြန်...မဟုတ်ဘူး...ဟန်ဘင်းသူ့ကို မြန်မြန်...ဒီနေရာကနေ ခေါ်ထုတ်သွားဖို့ ဆုတောင်းမိတယ်...
"ဟန်ဘင်း...ငါချမ်းနေပြီ"
———"အဲ့တော့ ကျန်းဟောင့်ကရိုက်ကွင်းမှာ ဒီလိုပဲပျောက်သွားတယ်ပေါ့..."
"..."
တရုတ်ပြည်၏နာမည်ကြီးEntertainment CEO ဟာ ရိုက်ကွင်းတာဝန်ခံများကို ဖုန်းမှတစ်ဆင့် အော်ငေါက်ကာ သူ၏ဒေါသများကို ဖော်ထုတ်လျက်။ ပုံမှန်ဆို ဟန်ဘင်းဟာ အေးအေးချမ်းချမ်း စကားဆိုတတ်သူတစ်ယောက်ဖြစ်ပေမဲ့ အခု ကျန်းဟောင့်ပျောက်သွားသည့် ကိစ္စက သူ့ကို တော်တော် ခြောက်ခြားစေခဲ့တယ်။ နောက်ကွယ်မှာ ကျီယန်စနက်မကင်းတာကြောင့် ပိုပြီးစိတ်ပူမိသည်မှာအမှန်။
"လူတစ်ယောက်လုံးကို ဖမ်းခေါ်သွားတာ ခင်ဗျားတို့ ဘာစောက်လုပ်တွေလုပ်နေလို့ မသိလိုက်တာလဲ!!...ဟူး...ကျစ်"