Confession
ကောင်းကင်ပြာကို ငေးကြည့်ရင်း ကျန်းဟောင့်ဟာ နိုင်ငံရပ်ခြား ခရီးမသွားရတာတောင် တော်တော်ကြာပြီ ဖြစ်ကြောင်းတွေးနေမိတယ်။ အရင်နှစ်တွေတုန်းက ရိုက်ကူးရေးကြောင့်ရော fashion weeks တွေကြောင့်ပါ နိုင်ငံအနှံ့ ခရီးသွားခဲ့ရပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တရုတ်ပြည်ထဲအောင်းပြီး တောတောင်တွေအလှကိုပဲ လိုက်လံရှုစားနေခဲ့ရတာ။
အခုတော့ ကိုရီးယားရဲ့ လေထုကို အနံ့ခံကြည့်ရဦးမှာပေါ့လေ။
ယခင် ကိုရီးယားကို အလုပ်ကိစ္စရော အလည်အပတ်နှင့်ပါ ခဏခဏရောက်ဖူးပေမဲ့ ဆောင်းဟန်ဘင်းနဲ့အတူ သွားရတဲ့ ခရီးစဉ်ဖြစ်တာကြောင့် ကျန်းဟောင့်မသိစိတ်က တော်တော်လေး မျှော်လင့်နေမိတယ်။ လေယာဉ် ပြတင်းပေါက်ကို ငေးနေရာက ဘေးနေရာရှိ ဆောင်းဟန်ဘင်းကို ကြည့်မိတော့ ဟန်ဘင်းက လက်ပိုက်ရင်း လေယာဉ်ခုံကိုမှီကာ အိပ်ပျော်နေလေရဲ့။ ခြုံထားတဲ့စောင်ဟာ အနည်းငယ် အောက်သို့လျောကျနေတာကြောင့် ကျန်းဟောင့် ဟန်ဘင်းရင်ဘက်အထိဖုံးအောင် ပြန်စွဲတင်ပေးလိုက်ပြီးနောက်တော့ အပြင်ဘက်ရှိ အပြာရောင်ကောင်းကင်ကြီးထံ စိတ်မဝင်စားနိုင်တော့ ဆောင်းဟန်ဘင်းရဲ့ မျက်တောင်ရှည်များက သူ့ကို ငြို့ငင်သွားခဲ့ပြီ။
ကျန်းဟောင့်ကို သဘောကျလို့ ပိုးပန်းသူများ များစွာရှိခဲ့သည်။ စပွန်ဆာပေးမည်ဟုဆိုကာ ချည်းကပ်တာတွေရော ပြောင်ပြောင်တင်းတင်း တိုက်ရိုက်ဖွင့်ပြောတာတွေရောပေါ့။ co star တော်တော်များများဆီမှလည်း တဖက်သက် သဘောကျခြင်းများ ရှိသည့်တိုင် ကျန်းဟောင့်ဘက်က အကုန်လုံးကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သည်ချည်းသာ။ ခက်ထန်စွာ ငြင်းဆန်ခဲ့တာဆို၍ တစ်ခါပင်ရှိခဲ့ဖူး၏။ ဒါကလည်း ကျန်းဟောင့်၏ ကိုယ်ရေးကိုယ်တာ စည်းမျဉ်းများကို တဖက်လူဘက်က ဆိုးဆိုးဝါးဝါး နယ်ကျွံ့လာတာကြောင့်သာ။
ဒါပေမဲ့ တစ်ခါမှ မမြင်ဖူးပါသည့် ရုတ်တရက်ပေါ်လာတဲ့ ဆောင်းဟန်ဘင်းနဲ့ကျမှ ဘာကြောင့်လက်ခံမိပါသနည်း? ပထမဆုံးနှင်းတွေရဲ့ မှော်အစွမ်းများကြောင့်လား?