ကျန်းဟောင့် မဟုတ်သည့် "ဂျင်"
စတော်ဘယ်ရီနှင့် ပူဒီနာ ကိုရောယှက်ပြီး ဖျော်စပ်ထားသည့် ဖျော်ရည် (strawberry mint tea) အရသာက မနေ့ညက ဆောင်းဟန်ဘင်းအရသာခံခဲ့သည့် ကျန်းဟောင့်နှုတ်ခမ်းတွေကို သတိရစေ၏။ ဆောင်းဟန်ဘင်းကိုယ်တိုင် စားဖိုမှူးကို သေချာလေးရှင်းပြပြီး ဖျော်ခိုင်းထားတာဖြစ်လို့ ဥက္ကဌဆောင်းအိမ်ရဲ့ လက်ရွေးစင် စားဖိုမှူးလို့မပြောရ အရသာက တော်တော်လေး ကျေနပ်စရာကောင်းလှအောင် အနီးဆက်ဆုံး ထွက်လာတာ။
ရေချိုးခန်းထဲမှ ထွက်ခါစဖြစ်လို့ အေးစက်စက်ဖြစ်နေတဲ့ နှုတ်ခမ်းအိအိလေးတွေ၊ ပူရှိန်းပါသည့် သွားတိုက်ဆေးကြောင့် လန်းဆန်းစေတဲ့အရသာနဲ့ စတော်ဘယ်ရီအရသာ တစ်ချက်ရလိုက်တာကြောင့် ကျန်းဟောင့်ဟာ စတော်ဘယ်ရီပူရှိန်း သွားတိုက်ဆေးကို အသုံးပြုတာလားလို့ ဆောင်းဟန်ဘင်း သံသယဝင်မိတယ်။
နောက်ဆုံးကျန်တဲ့ ဖျော်ရည်ကိုအဆုံးသတ်ရန် ရေခဲတုံးများပြည့်နေတဲ့ ဖန်ခွက်ကို အနည်းငယ်လှည့်လိုက်ရင်း ကိုယ်ရေးအရာရှိကို အခုသောက်နေသည့်ဖျော်ရည်နှင့်ဆင်တူထပ်လုပ်ခိုင်းလို့ ကျန်းဟောင့်ရိုက်ကွင်းကို ပို့ပေးဖို့မှာလိုက်သည်။
" တခြားလူတွေကို မတိုက်ဖို့ သေချာမှာလိုက် "
အယောင်ဆောင်ချစ်သူလေးရဲ့ နှုတ်ခမ်းအရသာကို တခြားလူတွေ သိသွားမှာ ဆောင်းဟန်ဘင်းမလိုလားပါ။ ထိုနှုတ်ခမ်းဖူးဖူးလေးကို ကိုယ်တိုင်လျှာဖျားဖြင့် အရသာခံတုန်းက အချိန်တွေပြန်တွေးမည်ဆိုပါက အလုပ်မသွားချင်မှာ ဆိုးတာကြောင့် အတွေးကိုအမြန်အရှိန်သတ်ရသည်။
" ပို့လက်စနဲ့တော့ နေ့လည်စာပါ ပို့ပေးလိုက်တော့။ ဘာစားချင်လဲ မေးပြီးပို့ပေးလိုက်...နေအုံး...ငါပဲဆက်လိုက်မယ်"
----
တစ်ဖက်၌ ဓာတ်ပုံစတူဒီယို အဝတ်လဲခန်းထဲရှိ ကျန်းဟောင့်ဟာ အနက်ရောင်အနောက်တိုင်းဝတ်စုံကို အစမ်းဝတ်ကြည့်နေ၏။ အောက်ခံအနက်ရောင်ရှပ်နှင့် အပေါ်ကုတ်အင်္ကျီကို ရွှေရောင်ချိန်းကြိုးမျှင်ဖြင့် ချိတ်ဆက်အလှဆင်ထားပြီး ခြေတံရှည်အလှကို သေချာလေးပုံပေါ်အောင် ချုပ်လုပ်ထားသည့် ဘောင်းဘီကြောင့် ကျန်းဟောင့်ဟာ runway လျှောက်တော့မည့် မော်ဒယ်တစ်ယောက်လို။ ရုပ်ရှင်ပိုစတာအတွက်ဖြစ်တာကြောင့် အထူးပြင်ပေးထားသည့် မိတ်ကပ်စတိုင်ရဲ့ထောက်ပံ့မှူတွေကြောင့် ကျန်းဟောင့်မျက်လုံးရှိ အပူချိန်ဟာ သာမန်ထက်ပို၍ လျော့ကျနေပြီး အနားကပ်ဖို့ခက်ခဲသည့် ကြီးကျယ်ခန်းနားသော အရှိန်အဝါအပြည့်ဖြင့် မိတ်ကပ်ဆရာအချောသတ်ပေးနေသည့် အပြင်အဆင်အား မှန်မှတဆင့် လေ့လာနေသည်။