The secret meeting
ရုပ်ရှင် premire ပွဲတွင်ဖြစ်သည်။ ပါဝင်သည့် သရုပ်ဆောင်များမှာ ယခုနှစ်အတွင်း ရေပန်းစားသည့် သရုပ်ဆောင်များဖြစ်ပြီး၊ အထူးသဖြင့် cameo ပါဝင် သရုပ်ဆောင်ထားသည့် မင်းသားကြောင့် သတင်းမီဒီယာများ စည်ကားစွာဖြင့် ထိုရုပ်ရှင်ကားသစ် မိတ်ဆက်ပွဲ ကောဇောနီဟာ မီးရောင်များ တဖျက်ဖျက် တလက်တလက် ထလျက်။ ဝေ့ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှု၌လည်း များစွာသော မှတ်ချက်များက ကျန်းဟောင့်တစ်ယောက် ဘယ်တော့များမှ ရောက်လာမလဲ ဟူ၍ မေးမြန်းထားကြ၏။ သို့သော် ထိုလူများ စောင့်မျှော်နေသည့် ကျန်းဟောင့်မှာတော့ နေအိမ်မှတောင် ထွက်မလာရသေး။
"ဟန်ဘင်း နောက်ကျနေပြီ"
ကျန်းဟောင့်က မိမိကို နံရံတွင် ဖိကပ်ပြီး အလွှတ်မပေးပဲ အနိုင်ကျင့်နေသည့် ဆောင်းဟန်ဘင်းကို သတိပေးလိုက်၏။ သို့ပေမဲ့ အနှီးလူသားက ကျန်းဟောင့်စကားကို နားမထောင် နှုတ်ခမ်းများကို စိတ်လိုက်မာန်ပါဖြင့် စုပ်ယူနေတာကြောင့် ကျန်းဟောင့်အသက်ရှုပင် မဝချင်တော့။
"အ့"
အောက်နှုတ်ခမ်းရှိ နာကျင်မှူကို ဦးနှောက်က အချက်ပြလာသည့် အခါ၌ ကျန်းဟောင့်ခံတွင်းထဲ၌ သွေးစတို့၏ အရသာ လွှမ်းခြုံနေလေပြီ။
"ဆောင်းဟန်ဘင်း နှုတ်ခမ်းကို ပေါက်အောင်ကိုက်လိုက်တာလား?! "
ဟန်ဘင်းမှာ သူလုပ်ချင်တာ လုပ်လိုက်ရတာကြောင့် အောင်မြင်မှူအပြုံးတို့ ဆင်မြန်းလျက် လက်မဖြင့် ဖွဖွလေး ကျန်းဟောင့်နှုတ်ခမ်းပေါ်ရှိ သွေးစများကို သုတ်ပေးလာ၏။
"အင်း... အခုမှ ပိုလှသွားသလိုပဲ၊ကြည့်ပါဦး ကျွန်တော့် လက်ရာလေ"
နီနီရဲရဲ နှုတ်ခမ်းကို ငေးကြည့်ရင်း ကျန်းဟောင့်ပရိတ်သတ်များ ထိုနှုတ်ခမ်းပဟေဋိကို အဖြေရှာကြသည့်အခါတွင် တရားခံမှာ သူဖြစ်ပါကြောင်း ဆောင်းဟန်ဘင်း လူတိုင်းကို သိစေချင်၏။
ကျန်းဟောင့် မှန်ထဲ တစ်ချက်ကြည့်လိုက်ပြီး ဆောင်းဟန်ဘင်း၏ ချွန်ထက်သောသွားများထံ ဓားစာခံဖြစ်ခဲ့ရသည့် သိသိသာသာပေါက်သွားသော အောက်နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်ရင်း။ ရှိပါစေတော့လေ...ကျန်းဟောင့်လည်း တကူးတက ဖုံးကွယ်ချင်စိတ်မရှိ။