🎶"I'm your biggest fan, I'll follow you until you love me
Papa-paparazzi
......
Baby, you'll be famous, chase you down until you love me
Papa-paparazzi" 🎶
ကော်ဖီဆိုင်ထဲပျံလွင့်နေတဲ့ သီချင်းသံရဲ့စာသားတစ်စိတ်တစ်ပိုင်းက သူ့ဘဝကိုလှောင်ပြောင်နေသလိုပင်။ သတင်းထောက်များ... ဖလပ်ချ်မီးများ...သက်သေအတုတွေနဲ့ တက်လာတဲ့သတင်းခေါင်းစဉ်နဲ့ စွပ်စွဲချက်တွေ။ အမုန်းစကားများနှင့် တစ်ဖက်ပိတ် anti fan များ။ ထိုလူတွေရဲ့ကျေးဇူးကြောင့် အခုလို အားလပ်ရက်အရှည်ကြီးရခဲ့တာ မဟုတ်ပါလား။ ပွဲထွက်ထဲကနေအခုထိ တစ်ခါမှ ဒီလောက်ကြာကြာ အနားမယူဘူးခဲ့ပါ။ အမြဲတမ်း ကားရိုက်တွေ၊ ကြော်ငြာတွေ၊ ရုပ်သံလိုင်းပေါင်းစုံက အပြိုင်အဆိုင် သူတို့ပရိုဂရမ်များတွင် ပါဝင်ဖို့ အသည်းအသန်လိုက်တောင်းဆိုခဲ့ကြတာကြောင့် သူ့ရဲ့အချိန်ဇယားဟာ အမြဲပြည့်လျက်။ အခုများတော့ ရယ်စရာ...နှစ်နှစ်?...အလုပ်အသစ်မရှိတာ နှစ်နှစ်ပင်ရှိတော့မယ်လေ။
တရုတ်ပြည်ရဲ့ ထိပ်တန်း A class မင်းသားကျန်းဟောင့်။ အများနဲ့မတူပဲ ထူးချွန်တဲ့ပညာရေးနောက်ခံနဲ့ အနုပညာအသိုင်းအဝန်းမှာအသိမရှိပဲ ထွန်းတောက်လာတဲ့ကြယ်တစ်ပွင့်။ ဝိဉာဉ်ပင်နှုတ်ယူနိုင်တဲ့ ကျန်းဟောင့်၏အကြည့်ဆိုသည့် စာကြောင်းဟာ ကျန်းဟောင့် ပုံအသစ်တင်တိုင်း တရုတ်ပြည်၏အဓိက ဆိုရှယ်ပလပ်ဖောင်းဖြစ်သော ဝေ့ပေါ်တွင် ရေပန်းစားမှုနံပါတ်တစ်၌ ပြေးလေ့ရှိသည်။ ထိုပုဂ္ဂိုလ်ရဲ့ကျော်ကြားမှုမှာ ရှိုက်သက်မှားစရာ ရီနေးဆင့်ခေတ်ရဲ့ ပန်းချီပန်းပုများလို ရုပ်ရည်ကြောင့်သာမဟုတ်ခဲ့ ပြောင်မြောက်စွာ ပိတ်ကားပေါ်၌ ကာရိုက်တာများကို ဖော်ကြူးနိုင်စွမ်းများကြောင့်လည်းဖြစ်သည်။
ရိုးသားမှုနဲ့ ယဉ်ကျေးမှုကြောင့်လည်း အနုပညာအသိုင်းအဝန်းအတွင်း အချစ်ခံရသည့် ကျန်းဟောင့်ဟာ တစ်ခုသောညနေခင်းမှာ တက်လာခဲ့သည့် သတင်းတစ်ပုဒ်ကြောင့် ဘဝတစ်လျောက် ကြိုးစားခဲ့သမျှ ဂုဏ်ပုဒ်နဲ့ သိက္ခာတွေဟာ လေပြင်းကြောင့် လွင့်စင်သွားရသည့် ဒုဒ္ဓလီပန်းရဲ့ ပွင့်ဖက်တွေလို ရိုးတိုင်မှခွါကာ လေယူရာမျောပါသွားခဲ့သည်။
![](https://img.wattpad.com/cover/351985450-288-k335601.jpg)