Chapter-11

1.2K 172 14
                                    

You_

ပြင်းရှတဲ့ ပိုးသတ်ဆေးအနံ့ နှာခေါင်းအတွင်းသို့ တဖြည်းဖြည်း တိုးဝင်လာပြီးနောက် ကျန်းဟောင့် သတိအနည်းငယ်ပြန်ဝင်လာခဲ့သည်။ မျက်လုံးဖွင့်ဖို့ကြိုးစားကြည့်သော်လည်း သတိမေ့နေတာ ကြာပြီဖြစ်တာကြောင့် စူးရှလှသည့် အလင်းရောင်ကိုချက်ချင်း လက်ခံနိုင်စွမ်းရှိပုံမပေါ်။ အလင်းရောင်ကို လက်နှင့်ကာဖို့ စဉ်းစားမိသည့်ခဏ လက်ချောင်းများတစ်ဝိုက် တင်းကျပ်နေမှူကို ခံစားမိလိုက်ရ၏။

"ကော နိုးလာပြီလား"

ပျားရည်လို ချိုမြိန်လှပြီး ယောကျာ်းဆန်သည့်အသံပိုင်ရှင်က သူ့၏ဆောင်းဟန်ဘင်းကလွဲ၍ တခြားလူမဖြစ်နိုင်။

"ဟန်ဘင်း ငါ"

"အဖျားဝင်ပြီး သတိမေ့နေခဲ့တာ ၁၂နာရီလောက်"

ကျန်းဟောင့် မျက်လုံးမှိတ်ထားရင်း ဟန်ဘင်းလက်ချောင်းများနှင့် မိမိလက်ချောင်းများကိုတွယ်ယှက်ထားလိုက်သည်။

"ဘယ်လိုဖြစ်သွားပြီလဲ?"

"တအားလင်းနေလား လိုက်ကာသွားချပေးမယ်"
ပြောပြောဆို ဟန်ဘင်းထိုင်နေရာက ထသွားပြီး ဆေးရုံအခန်းတစ်ခုလုံးရှိ လိုက်ကာများ အားလုံးကိုချလိုက်သည်။ ထို့နောက် ကုတင်ဘေးရှိ မူလထိုင်နေရာ ထိုင်ခုံဆီပြန်မသွားပဲ လူနာကုတင်ပေါ် ခပ်တည်တည်နဲ့ဝင်ထိုင်ပြီး လှဲချလိုက်သည်။ လက်မောင်းကို ကျန်းဟောင့်လည်ပင်းအောက် ငြင်ငြင်သာသာ ထိုးထည့်ဖို့လည်းမမေ့ခဲ့။

" တော်သေးတာပေ့ါ မြန်မြန်နိုးလာလို့ မဟုတ်ရင် စိတ်ပူလို့ ဒီနေ့လည်းကျွန်တော် အိပ်ပျော်နိုင်မှာမဟုတ်ဘူး"

ကျန်းဟောင့် ဆံနွယ်လေးများကိုထိုးဖွရင်း အနည်းငယ်ပိန်ကျသွားတဲ့ ပါးနှစ်ဖက်ကို ဖွဖွလေး ဖျစ်ညှစ်လိုက်သည်။

"အားလုံးပြီးသွားပြီ ကိစ္စတွေအကုန် တော်တော်မြန်မြန် ဖြစ်ပျက်သွားတယ် နေသေချာပြန်ကောင်းရင် အသေးစိတ်ပြောပြပေးမယ် အခုတော့ မနေ့ညကကျွန်တော် စိတ်ပူလို့အိပ်ရေးပျက်ထားတာ ကျွန်တော်နဲ့အတူတူ ထပ်အိပ်ပေး ဟုတ်ပြီလား"

𝐘𝐨𝐮_Where stories live. Discover now