အခန်း ၅

925 165 22
                                    

အခန်း ၅

Content warnings: Gory imagery

ပြန်လည်မွေးဖွားခြင်းချောက်ကမ်းပါးတောင်ထွဋ်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ချင်းလင်ဂိုဏ်းတစ်ခုလုံးလည်း အံ့အားသင့်သွားလေ၏။

အရင်ကဆိုလျှင် ရှန်လျှိုရှန်းမှာ ထိုဆံပင်အထုံးအစုအဝေးကိုကာကွယ်ရန် ဂိုဏ်းချုပ်ဖြစ်သူနှင့်ပင် လင်ရှောင်းခန်းမတွင် အကြီးအကျယ်စကားများခဲ့ဖူး‌သည်။ ထိုစဥ်ကအခြေအနေမှာ မည်မျှအထိတင်းမာသွားသည်ဆိုရာဝယ် ရှန်လျှိုရှန်းဘက်မှနေ၍ ဂိုဏ်းနှင့်လုံးဝအဆက်အသွယ်ဖြတ်မည်ဟုဆိုကာမှသာ ဂိုဏ်းချုပ်က အလျှော့ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် ယနေ့တွင် ရှန်လျှိုရှန်းမှာ ထိုဆံစုကို သူ၏လက်ဖြင့်ကိုယ်တိုင်ဖြတ်ပစ်ပြီး ဓားအမတထံ၌ နောက်ထပ်ဘယ်တော့မှ ထပ်မံမတွယ်ကပ်တော့ပါဟူ၍ပင် ကျိန်ဆိုခဲ့လေသည်။

ယဲ့ပင်းရန်၏နောက်သို့ ဆယ်နှစ်ကျော်မျှတွယ်ကပ်နေခဲ့သော ရှန်လျှိုရှန်း၏နှုတ်မှထွက်လာသော ထိုစကားလုံးများသည် အလွန်ပင်သက်ရောက်မှုရှိလေသည်။ သူတို့အားလုံးအတွက် မိုးပြိုသည်ထက်ပိုပြီး ထိတ်လန့်စရာကောင်းလေသည်။

ရှန်လျှိုရှန်းအား စစ်ဖုန်းသွေးရေကန်ထဲသို့ဆင်းခိုင်းရခြင်းမှာ လင်ဟွာအနေနှင့် သူ့အားသင်ခန်းစာရစေရန် ရွေးချယ်လိုက်ခြင်းဖြစ်ပေသည်။ သူ(လင်ဟွာ)၏မျှော်လင့်ချက်မှာ ဓားအမတယဲ့ပင်းရန်သည် နှလုံးသားမဲ့ကျင့်စဉ်ကိုကျင့်နေသူဖြစ်သဖြင့် သူ့(ရှန်လျှိုရှန်း)အား လုံးဝပင်ဂရုမစိုက်ကြောင်းကို ရှင်းရှင်းလင်းလင်းသိစေရန်ဖြစ်သည်။

ယွိရှန်ကျင့်စဉ်ကို ပြန်ပေးတာကလည်း ရှန်လျှိုရှန်းကို လူအများရဲ့အာရုံစိုက်မှုကိုရပြီး ဒေါသထွက်အောင်တမင်လုပ်တာမဟုတ်ဘူးလား?!

အစပထမတွင်တော့ လင်ဟွာသည် သူငယ်ချင်းဖြစ်သူအား အကြောင်းအရာအဖြစ်အပျက်များကို ယခုထက်ပို၍ ရှင်းရှင်းလင်းလင်းသိမြင်လာစေရန် အနည်းငယ်မျှဝေဒနာခံစားစေလိုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူထင်ထားသည်နှင့်ကွဲပြားစွာပင် ရှန်လျှိုရှန်းကိုယ်တိုင်က ထိုဆံချည်အစုအဝေးကို လုံးဝဖြတ်တောက်လိုက်လေသည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now