အခန်း ၆

843 156 9
                                    

ယဲ့ပင်းရန်မှာ လက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို ကိုင်ထားလေသည်။ ပါးစပ်ထဲတွင် ချိုမြမြအရသာကို ခံစားလိုက်ရပြီး သွေးတစ်ပွက်အန်ကျလာလေသည်။

“ဓားအမတ!!!”

ဓားဂိုဏ်းမှ ဂိုဏ်းသားများမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး ရှန်လျှိုရှန်းရှိရာသို့သွား၍ သူ့အားတားရန် ပြင်လိုက်လေသည်။

“အားလုံးပဲ ကိုယ့်နေရာ ကိုယ်နေကြပါ” လင်မုရှန်းမှ ထိုသို့ပြော၍ ရှေ့မှပိတ်ရပ်ကာ ဓားကိုဝှေ့ယမ်းလိုက်လေသည်။

“အမတရှန်က ပြစ်ဒဏ်စီရင်နေတာဖြစ်တဲ့အတွက် ဘယ်သူမှအနှောင့်အယှက်မပေးကြပါနဲ့... လူတိုင်းပဲ အစစအရာရာဆင်ခြင်ကြမယ်လို့ မျှော်လင့်ပါတယ်”

ထိုအခြေအနေကိုမြင်သောအခါ ချင်းလင်ဂိုဏ်းသားများသည်လည်း စုရုံးလာကြလေသည်။ အခြေအနေမှာ ရုတ်ချည်းပင် တင်းမာလာလေ၏။

ရှန်လျှိုရှန်းကား ထိုအခြေ‌အနေများကို လုံးဝမသိချေ။ သူ၏အာရုံအလုံးစုံမှာ ယဲ့ပင်းရန်ကို အပြစ်ပေးခြင်းအပေါ်၌သာရှိနေလေသည်။

စင်မြင့်၏အစွန်း၌ရပ်နေသော လင်သန်းထံမှ ထိတ်လန့်တကြားအသံထွက်လာလေသည်။

“‌ဟေ့... အမတရှန်က သူ့ရဲ့အားကို ဘယ်လောက်အတိုင်းအတာအထိသုံးလိုက်တယ်လို့ မင်းထင်လဲ”

လင်ယွဲ့ကား အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး ပြန်မဖြေချေ။

လင်ဟွာ၏မျက်ခွံများ အနည်းငယ်လှုပ်ရှားသွား၏။ သူသည် သူ၏လက်ညှိုးနှစ်ချောင်းစလုံးကိုဆန့်ထုတ်လျက် တစ်ချောင်းကိုဒေါင်လိုက်၊ နောက်တစ်ချောင်းကိုအလျားလိုက်အနေအထားဖြင့် ကြက်ခြေခတ်ပုံသဏ္ဍာန်လုပ်ပြလိုက်သည်။

“၁၀ မှာ ၁၀... သူ အားကုန်သုံးထားတာ”
(TN- တရုတ်စာတွင် ၁၀ သည် ကြက်ခြေခတ်ပုံ '十' ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင်ဆိုလိုရင်းမှာ ၁၀ ပုံပုံလျှင် ၁၀ ပုံအပြည့်—ရာနှုန်းပြည့်— ဖြစ်လေသည်။)

ကြာပွတ်ရိုက်ချက်တစ်ချက်တည်းဖြင့် ယဲ့ပင်းရန်အား ဒူးထောက်ကျအောင်လုပ်ရန်မှာ လွယ်သည်မဟုတ်ပေ။ သို့ပါသော်လည်း ရှန်လျှိုရှန်းမူကား တစ်ချက်ရိုက်ပြီးတိုင်း အားအင်များ ပို၍ပြည့်လာသလိုပင်...

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now