“ဂိုဏ်းချုပ်”
စုပိုင်ချဲ့မှာ ဒေါသထွက်လွန်းသဖြင့် စကားပင်ဖြောင့်အောင်မပြောနိုင်ပေ။
“ဘာဖြစ်လို့ ကျွန်တော့်ကိုယ်စား အမတကို အန္တရာယ်တောထဲပို့ရတာလဲ? ဘာဖြစ်လို့ ကျွန်တော့်ကိုပဲ ဖမ်းမသွားခိုင်းရတာလဲ!?”သူသည် မိစ္ဆာလောကတွင် လူပေါင်းများစွာတို့၏အထက်၌ သက်သောင့်သက်သာနေနိုင်ရန်အတွက် ယနေ့တစ်မနက်ခင်းလုံးတွင် နန်ယောက်ချွမ်၏လက်သို့ မမျှော်လင့်ဘဲ ကျရောက်သွားစေရန် အသည်းအသန်ကြိုးစားစီစဉ်ခဲ့ရသည်။
ရလဒ်သည်ကား သူ၏အစီအစဉ်မှာ စပင်မစလိုက်ရသေးခင် ပျက်စီးသွားရခြင်းပင်!
လင်ယဲ့သည် လက်ကိုလွှတ်လိုက်ပြီး
“မင်းရဲ့ဂိုဏ်းတူညီလေးကို စိတ်ပူနေမယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ မင်းစိတ်ချပါ နန်ယောက်ချွမ်က သူ့ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး”ဘယ်သူကများ စိတ်ပူလို့လဲ! သူ(ရှန်လျှိုရှန်း)က သူ့(စုပိုင်ချဲ့)ရဲ့ အနာဂတ်အစီအစဉ်ကောင်းကို ဖျက်ချင်နေတာလေ!
(🌊 - ဘာဆိုင်လဲ! ဟိုကဖြင့် နင်ပဲအဖမ်းခံလိုက်ရမယ်လို့တွေးထားတာလေ! အံ့ဩပါ့!)စုပိုင်ချဲ့သည် အံကြိတ်လိုက်ပြီး သူ၏မျက်နှာကို ချက်ချင်းပင် ဆွဲဆုတ်လိုက်ချင်ပေတော့သည်။
ထုံရှီး၏ ထပ်ခါတလဲလဲသတိပေးချက်များကြောင့်သာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ ထို့နောက် လေသံပျော့ပျော့ဖြင့်
“ဂိုဏ်းချုပ်! အမတကိုကယ်ဖို့ ကျွန်တော့ကိုမိစ္ဆာနယ်နယ်မြေကို သွားခွင့်ပြုပါ” ဟု ပြောလိုက်၏။လင်ယဲ့ : “ငါသွားလိုက်မယ်!”
သူသည် အစောကတည်းကပင် ရှန်လျှိုရှန်းထံ၌ ခြေရာခံမန္တန်ကိုထည့်ထားလေရာ သူ(ရှန်လျှိုရှန်း)၏လှုပ်ရှားမှုများကို ခြေရာခံနိုင်နေပြီဖြစ်သည်။ယခုအချိန်တွင် သူသည် မိစ္ဆာနယ်မြေဆီသို့ ဦးတည်နေလေပြီဖြစ်သည်။
စုပိုင်ချဲ့သည် ဒေါသထွက်သွားလေ၏။
သူ့ကို မိစ္ဆာနယ်မြေသွားခွင့်မပြုဘူးဆိုတော့ ချင်းလင်ဂိုဏ်းမှာပဲ တစ်သက်လုံးနေခိုင်းမလို့လား!!!
YOU ARE READING
ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)
FanficThe Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it. Starting date - 26th August 2023 (Sat)