အခန်း ၂၇ - ငါ ချန်ရှန်း တစ်သက်လုံးအတွက် မဖြစ်နိုင်ဘူး

600 52 7
                                    

နူးညံ့ပျော့ပျောင်းကာ ချွဲပစ်နေသောအသံတစ်သံသည် ခန်းမထဲတွင်ပဲ့တင်ထပ်သွား‌လေသည်။

အားပူသည် လက်ဆောင်ဘူးကို ပစ်ချလိုက်ပြီး သူ့ရဲ့အဖြူရောင်ခြေထောက်လေးများကိုဆန့်ကာ ခေါင်းမဖော်တမ်းစားနေသော လူငယ်ဆီသို့ပြေးသွားသည်။

“ဖေဖေ! အဲဒါဖေဖေပဲ!”

စိတ်အားထက်သန်စွာနှင့် ခေါ်နေသောအသံသည်တဖြည်းဖြည်းနီးလာ၏။

ရှန်လျှိုရှန်းသည် တစ်ခုခုမှားနေသည်ကိုသဘောပေါက်သွားပြီး နားမလည်နိုင်စွာမော့ကြည့်လိုက်သည်။

ခေါင်းပေါ်တွင် ရွှေရောင်သစ်ရွက်လေးများ လှုပ်ကာလှုပ်ကာဖြင့် ဝဝကစ်ကစ်နှင့် နူးညံ့သော ဆန်မုန့်လုံးလေးသဖွယ် ချစ်စရာကောင်းသောကလေးလေးတစ်ယောက်သည် သူ့ဆိီပြေးလာပြီးပျော်ရွှင်စွာသူ့လက်မောင်းထဲသို့ပစ်ဝင်လာသည်။

“တကယ်ကို ဖေဖေပဲ”

အားပူသည် ရှင်လျှိုရှန်း၏အဝတ်မျကို သူ၏လက်လေးနှစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး သူ၏မျက်နှာကို ထိုသူ(ရှန်လျှိုရှန်း)၏လည်ပင်းထက်၌ အပ်ထားလိုက်သည်။

“ပူပူ အရမ်းလွမ်းနေတာ”

ရှန်လျှိုရှန်း : “...”

ခန်းမထဲရှိလူများ : “...”

ဓားဂိုဏ်းမှတပည့်အကုန်လုံးသည် ဂို‌ဏ်းတူဦးလေးနင်ကိုလှမ်းကြည့်လိုက်ပြီး သူတို့၏အမူအရာများကား ကြည့်ရဆိုးလှလေသည်။ အကြည့်များထဲတွင် မနာလိုမှုများရှိနေပြီး စိတ်ထဲတွင် မကျေမနပ်နှင့် ခါးသက်နေကာ စကားတစ်ခွန်းမျှပင်မဆိုနိုင်ချေ။

ဂိုဏ်းတူဦးလေးနင်ရေ လောကမှ အလှပဂေးတွေအများကြီးပါ! အခုကြည့် ကလေးတောင် သုံးနှစ်အရွယ်ရှိနေပြီ။

သူတို့၏အကြည့်များနောက်တွင်မူ အခြားဂိုဏ်းသားများသည်လည်း ဦးစွာပထမ နင်ရွမ့်ရှင်းကိုကြည့်လာကြသည်  ထို့နောက် ကျိုးရွှမ်လန်၊ ရှန်လျှိုရှန်းနှင့် နောက်ဆုံး၌ သူ၏ရင်ခွင်ထဲတွင်ရှိနေသော ဂျင်ဆင်းပေါက်စလေးကိုကြည့်ကာ သူတို့၏မျက်စိထဲတွင် စိတ်ကူးယဉ်ဆန်ဆန်အကြောင်းအရာများကို မြင်ယောင်ကြည့်နေလေသည်။

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now