အခန်း ၂၂.၂

597 64 5
                                    

ယဲ့ပင်းရန်သည် ဝိညာဉ်ဆေးပင်များရောင်း‌သော ဈေးဆိုင်တစ်ခုရှေ့တွင်ရပ်လျှက် ဆေးပင်တစ်ပင်ကိုကောက်ကိုင်လိုက်စဉ် တစ်စုံတစ်ယောက်က ကြည့်နေသည်ကိုခံစားမိသောကြောင့် လှည့်ကြည့်လိုက်လေသည်။

‘စုပိုင်ချဲ့’သည် သူ့အား မျက်မှောင်ကြုတ်၍ ကြည့်နေလေသည်။

ယဲ့ပင်းရန်သည် ဆက်၍ကြည့်လိုက်ရာ ထိုသူ၏အရှေ့ဘက်တွင်ရှိသော မိစ္ဆာအရှင်ကိုပါ တွေ့သွားလေသည်။

သသည် မျက်ခုံးကိုတွန့်ချိုးလိုက်ပြီး မည်သို့ဖြစ်ပျက်နေသည်ကို နားလည်သွားလေ၏။

ထို့နောက်တွင် တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ‘စုပိုင်ချဲ့’ နှင့် နန်ယောက်ချွမ်၏အကြားတွင် သူ၏ဓားဖြင့် တားလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း ‘စုပိုင်ချဲ့’၏ နံဘေးသို့ ရောက်သွားပြီး လျှိုရှန်းယွင်အား လက်ဝါးဖြင့်တစ်ချက်ရိုက်ကာ သူ(စုပိုင်ချဲ့)အား ခေါ်သွားလေသည်။

“ဘာဖြစ်သွားသေးလဲ? နေထိုင်မကောင်းတဲ့နေရာရှိလား?”

ယဲ့ပင်းရန်သည် ရှန်လျှိုရှန်းအား တွဲကူလိုက်ပြီး သန့်ရှင်းသောနေရာတစ်ခုတွင် ထိုင်ခိုင်းလိုက်လေသည်။

“နန်ယောက်ချွမ်ရဲ့ကျင့်ကြံမှုက အရမ်းကိုမြင့်တယ် တကယ်လို့ မိုင်‌ထောင်ချီမန္တန်ကိုသာ မသုံးရင် အခုချိန်ဆို ဒုက္ခရောက်နေလောက်ပြီ”

ရှန်လျှိုရှန်း၏ခန္ဓာကိုယ်သည်ကား ကျင့်ကြံခြင်းအခြေတည်အဆင့်သာရှိသဖြင့် မိုင်ထောင်ချီကို တခဏအတွင်းကျော်ဖြတ်လာရသောအခါ တစ်စစီဖြစ်တော့မလိုပင်။

သူသည် အသက်ကိုပြင်းပြင်းရှူကာ ခေါင်းခါပြလိုက်သည်။ ကျေးဇူးတင်ကြောင်းပြောရန်ပြင်လိုက်စဉ်တွင် တစ်စုံတစ်ခုကိုသတိရသွားကာ ပါးစပ်အား တင်းတင်းစေ့ပိတ်လိုက်လေသည်။
(🌊 - မိစ္ဆာအရှင်က လျှိုရှန်းကို သူ့ညီလေးပုံနဲ့ တစ်ပုံစံတည်းဖြစ်အောင် ရုပ်ပြောင်းရုပ်လွှဲမန္တန်နဲ့လုပ်ထားတာကြောင့် ရုပ်က စုပိုင်ချဲ့နဲ့တူနေပေမဲ့ အသံက မတူလို့ပါ)

သူသည် သစ်ကိုင်းခြောက်တစ်ခုကိုကောက်ယူလိုက်ပြီး မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များကိုဖယ်လိုက်ကာ စကားလုံးအချို့ ရေးလိုက်လေသည်။
{အရမ်းကြင်နာတတ်တာပဲ ကျေးဇူးမမေ့ပါဘူး}

ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)Where stories live. Discover now