“တော်ဝင်နန်းတော်က ချင်းလင်ဂိုဏ်းနဲ့လည်း ဒီလောက်ကြီးအဆက်အသွယ်မရှိပါဘူး ဘာဖြစ်လို့များ သံတမန်ကိုလွှတ်လိုက်တာလဲမသိဘူး”
“အမတရှန်က ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကိုရောက်သွားလို့ လူတိုင်းက ဂုဏ်ပြုလက်ဆောင် ပေးနေကြတယ်ဆိုတော့ တော်ဝင်နန်းတော်ကလဲလက်ဆောင်ပေးမလို့ထင်တယ်”
“မဖြစ်နိုင်ပါဘူး ဧကရာဇ်လိုမျိုးမြင့်မြတ်တဲ့အရှင်က အခုလိုမျိုး ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ရောက်သွားတဲ့ အမတတစ်ယောက်ကို ဘာကိစ္စနဲ့ အထူးလက်ဆောင်ပေးမှာလဲ?”
“ဒီလာမဲ့လဝက်အတွင်းမှာကျင်းပမဲ့ ဂိုဏ်းတွင်းသိုင်းပြိုင်ပွဲအတွက်ကြောင့်များလား?”
ရှန်လျှိုရှန်းသည် ယဲ့မင်တောင်ထွဋ်မှပြန်လာစဉ်တစ်လျောက် ဂိုဏ်းသားများမှ ထိုသို့ပြောနေကြသည်ကို ကြားခဲ့ရသည်။ သူသည် ရင်ဘတ်တွင်ချိတ်ထားသော ကျောက်စိမ်းပြားကိုထိလိုက်သည်။ ဒီပုံအတိုင်းသာဆိုရင်တော့ သူ့ကြောင့်ပဲဖြစ်ရမယ်!
မူလဝတ္ထုထဲတွင် ပြင်ပလောကတွင်ပျောက်ဆုံးနေသော သူ၏သွေးသားအပေါ်တွင်ထားရှိသည့် ဧကရာဇ်၏သဘောထားမှာ ခန့်မှန်း၍မရပေ။
ရှန်လျှိုရှန်းသည် သူ၏ဘဝမှန်ကို ထုတ်ဖော်လိုက်ချိန်တွင် သုံးလောကလုံးပင် တုန်လှုပ်သွားကြသည်။ တော်ဝင်နန်းတော်ရှိလူများမှာလည်း ကြောက်လန့်သွားကြလေ၏။ တော်ဝင်နန်းတော်မှလူများသည် သူတို့၏သွေးသားကို အင်မတန်မှပင်တွယ်တာလေသည်ဖြစ်ရာ ဧကရာဇ်နှင့် ဧကရီသည် သူတို့၏ သွေးသားများကို ရှားပါးအဖိုးတန်ရတနာများသဖွယ် သဘောထားလေသည်။ ထိုသို့ ရှန်လျှိုရှန်း၏ ရုတ်တရက်ထွက်ပေါ်လာမှုသည် လူတိုင်းအား အံ့အားသင့်စေခဲ့လေ၏။
ထိုနောက်တွင်တော့ ရှန်လျှိုရှန်းအား တော်ဝင်နန်းတော်သို့ ပြန်ခေါ်သွားလေ၏။ လူတိုင်း၏စိတ်ထဲတွင်မူ သူ(ရှန်လျှိုရှန်း)သည် ခြေတစ်လှမ်းတည်းဖြင့် လျှင်မြန်စွာပင်ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး နောက်လာမည့်ဧကရာဇ်နေရာအတွက် ထိပ်ဆုံးမှယှဉ်ပြိုင်မည့်သူဖြစ်လာမည်ဟု ပြောဆိုနေကြသည်။ သို့ပါသော်လည်း နှစ်တစ်ဝက်အတွင်းမှာပင် နန်းတော်မှမောင်းထုတ်ခြင်းကို ခံလိုက်ရသည်။
YOU ARE READING
ဗီလိန်ရှစ်ဇွင်းက ပန်းပွင့်လေးလိုပါလား-Unicode (Ongoing)
FanficThe Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it. Starting date - 26th August 2023 (Sat)