Part 11 💞

1.9K 79 0
                                    

Unicode 🖇️

"ထယ် ဒီမှာကြည့်"

"လန့်လိုက်တာ ဘာဖြစ်တာလဲ"

"ဒီမှာ သူ့ကောင်မလေးကို ချစ်ခွင့်ပန်တာတဲ့ ပန်းစည်းလေးနဲ့ Romantic မဆန်ပေမဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ သဘောကျချင်စရာလေး"

"အင်း ဟုတ်တယ်နော် နေရာတိုင်းဆန်းပြားနေမှကောင်းတာမဟုတ်ပါဘူး ရိုးရိုးရှင်းရှင်းလေးကလည်းစိတ်ကိုကြည်လင်စေတယ်"

"တကယ်လို့ စီနီယာကချစ်ခွင့်ပန်မယ်ဆိုရင် နင်ဘယ်လိုချစ်ခွင့်ပန်စေချင်လည်း"

"ရိုးရိုးလေး"

"ပေါ်ပြီး ထယ် စီနီယာကိုကြိုက်နေပြီမလား လက်ခံလိုက်ပါတော့ မူနေရအောင်လည်း မိန်းခလေးလည်းမဟုတ်ဘူး"

"ဘယ်သူကကြိုက်လို့လဲ မသိဘူး"

ထယ်လည်းရှက်ရမ်းရမ်းပြီး ထထွက်သွားသည်။

"ခိခိ ရှက်နေကတည်းက သိသာနေတာကို"

  အာ အခုငါ့ရဲ့အခွင့်ရေးပဲ စီနီယာကိုဖုန်းဆက်ပြောရမယ်။

ဖုန်းထဲတွင်......

"Hello"

"စီနီယာလား"

"အင်း suuyi ပြော"

Jkဘက်က ပြောလို့ပြောလိုက်သည်နဲ့ ပြောလို့မပြီးနိုင်တဲ့ အကြောင်းတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြပြီး ဖုန်းချသွားသည်နှင့်အမောဖြေရတော့သည်။

"ဟူး မောတာ ရှင်းပြလိုက်ရတာလည်း"

Jkတစ်ယောက်ကတော့ suuyi ပေးတဲ့နည်းလမ်းတိုင်း သေချာစီစဉ်ဖို့ planချနေတော့သည်။

အချိန်တွေကြာလို့ အခုဆို တစ်ပတ်တောင်ကျော်နေပြီ အရင်လိုjjkဆိုတဲ့လူကသူ့နောက်ကတကောက်ကောက်မလိုက်တော့သလို ကျောင်းဝန်းထဲတွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်သွားတက်သည်။

"ဟွန်း သူပြောင်းလဲသွားပြီထင်တယ်"

"ဘာလဲ အရင်လိုဂရုစိုက်မခံရတော့ လွမ်းနေပြီလား"

"ဟင်း မသိတော့ဘူး ဘယ်လိုခံစားချက်ကြီးလဲဆိုတာ ဒါပေမဲ့စိတ်ထဲတစ်ခုခုတော့လိုအပ်နေသလိုပဲ"

𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️‍🩹 ( Complete)Where stories live. Discover now