Unicode 🖇️
ကျောင်းပိတ်ရက်တစ်ရက်မှာတော့.....
Jkနဲ့tae လည်း မြို့ထဲလျှောက်လည်ပြီး လမ်းဘေးဆိုင်သေးသေးလေးတွေမှာ မုန့်ဝင်စားလိုက် ဈေးပတ်ဝယ်လိုက်နဲ့ တနေ့တာကိုတူတူကုန်ဆုံးခဲ့ကြသည်။
"ယောင်း"
"ပြောလေ မောင်"
"မောင် အိမ်မပြန်ချင်ဘူး ယောင်းနဲ့တူတူအိပ်လို့မရဘူးလား"
၅နှစ်သားလေးကို နှုတ်ခမ်းလေးဆူကာ တောင်းဆိုနေတဲ့ ရှေ့ကမောင်ကိုကြည့်ပြီး ထယ်ပြုံးလိုက်မိသည်။
"ယောင်း နဲ့ တူတူအိပ်ချင်တယ်ပေါ့"
"အင်း အိပ်ချင်တယ်"
"အဲ့ဆို ယောင်းတို့အရင်တစ်ခါလိုမုန့်လုပ်စားကြမယ်လေ မအိပ်ခင် "
"ယောင်း သဘောပါဗျာ"
"အဲ့ဆို မောင့်ဆိုင်ကယ်ကို ခြံထဲသွင်းလိုက်လေ"
"ဟုတ်ကဲ့ပါဗျ"
လိုချင်တာရသွားတဲ့သူလို ပြုံးရွှင်သွားတဲ့မျက်နှာက ခလေးလက်ထဲမုန့်ထည့်ပေးလိုက်သလိုမြောက်ကြွကြွနဲ့ပင်။
"မောင်ဘာစားချင်လဲ"
"ယောင်းကိုယ်တိုင်လုပ်ပေးသမျှ မောင်အကုန်ကြိုက်တယ်"
"ဟုတ်ပါပြီ အဲ့ဆို မောင် TV ကြည့်နေလိုက်နော် ယောင်းလုပ်ပြီးရင်ခေါ်လိုက်မယ်"
"ဟင့်အင် TVမကြည့်ချင်ပါဘူး မောင်လည်းကူလုပ်ပေးမယ်လေ"
"ရပါတယ် ယောင်းလုပ်နိုင်ပါတယ်"
"မရဘူး မောင်လည်းကူလုပ်မယ် နော် ယောင်း"
"ဟုတ်ပါပြီ လုပ်ချင်သပကူချင်သပဆိုလည်း လုပ်ပါ မတားတော့ပါဘူး"
"အင်း အဲ့ဆိုမောင်ဘာလုပ်ပေးရမလဲ"
"ခေါက်ဆွဲပြုတ်ပေး"
"အင်း"
Jkလည်း သူအကျီလက်ကို တတောင်ဆစ်ထိခေါက်တင်လိုက်ပြီး ခေါ်ဆွဲပြုတ်ဖို့ပြင်တော့သည်။
"မောင် တနေ့လောက် ထယ်တို့ tattoo ဆိုင်သွားရအောင်"
"ဘာလုပ်ဖို့လဲ ထယ်ရဲ့"
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️🩹 ( Complete)
Fanficချစ်တယ်..ယောင်း ကျွန်တော်ကိုအဖြေပေးပါနော်.... ဒီမှာ ချာတိတ်..ငါကမင်းထက်အသက်ပိုကြီးတယ် အကြီးကိုရိုရိုသေသေ ဆက်ဆံ မင်းငါ့ကို ယောင်းလို့ခေါ်တာကိုက မရိုသေရာကျနေပြီ ချာတိတ်... နာမည်ပဲဘာဖြစ်လဲ အကြီးမလို့ရိုရိုသေသေအဖြေတောင်းတာပေါ့ ကျွန်တော်ထက်ငယ်ရင် မုဒိန်...