Part 10 💞

2.2K 94 0
                                    

Unicode 🖇️

"စားလို့ကောင်းတယ် အရမ်းအရသာရှိတာပဲ ကျေးဇူးပါ baby"

"ရပါတယ် ဆာနေလို့ကျွေးတာ ကုသိုလ်ရတာပေါ့ အခုပြန်မှာမလား ပြန်တော့"

"ထယ် ဒီနေ့ရာသီဥတုအေးမယ် ကြားတယ် စီနီယာကိုအပြင်မှာနေခိုင်းလို့ကောင်းပါ့မလား"

"ဟုတ်လို့လား ခဏနေအုံး ငါကြည့်အုံးမယ်"

Taeလည်း အိမ်ပြတင်းပေါက်ဖွင့်လိုက်တော့ တရုန်းရုန်းဝင်လာတဲ့လေအေးတွေ။

"ဟူး အေးလိုက်တာ"

"အဲ့ဆို ကိုယ်သွားတော့မယ်နော် ညစာကောင်းကောင်းစားခဲ့ရပါတယ်"

"အိမ်ပြင်ကဖိနပ်ကို အိမ်ထဲထည့်လိုက် ဒီနေ့တော့ဒီမှာပဲအိပ်လိုက်ပါ ကျုပ်ကလူတစ်ယောက်ကိုအပြင်ထုတ်ထားလောက်အောင်တော့ အသည်းမမာဘူး အဲ့ကြောင့်"

"အင်း ကိုယ်ဧည့်ခန်းမှာပဲ အိပ်လိုက်မယ်"

Jkလည်းဖိနပ်ကိုယူပြီးအထဲသွင်းလိုက်သည်။

"ရော့ စောင် ဒီမှာခေါင်းအုံး"

"အင်း ထယ်သွားအိပ်တော့လေ"

"အင်း အော် ခြင်ကိုက်ရင်ဟိုအပြားလေးထွန်းအိပ်ခြင်မလာဘူး"

"ဟုတ်ကဲ့ပါဗျ"

ထယ်လည်း jkကိုမှာပြီး အပေါ်ထပ်ကိုတက်သွားတော့သည်။ suuyi ကတော့ ထယ့်ဘေးကအခန်းမှာအိပ်ခြင်းပင်။

ညတော်တော်နက်ပေမဲ့ jkအိပ်မရပဲ မျက်လုံးကြောင်နေသည်။

သူအတွေးတွေပျံ့နေတုန်းက သူနာမည်ကိုခေါ်တဲ့အသံကိုကြားလိုက်ရသည်။

"စီနီယာjk"

"Suuyi မအိပ်သေးဘူးလား"

"အင်း ဟဲဟဲ ဒါနဲ့ စီနီယာရော"

"အင်း နေရာသစ်ဆိုတော့ အိပ်မပျော်လို့"

"အဲ့ဆို အပေါ်ထယ့်အခန်းထဲသွားအိပ်လေ"

"မဖြစ်ပါဘူး တော်ကြာထယ်စိတ်ဆိုးသွားမှ"

"မဆိုးပါဘူး ထယ်ကအိပ်ပျော်ရင်နိုးလေ့မရှိဘူး ဒါပေမဲ့ ညလယ်လောက်ဆိုထထယောင်တက်တယ် မနက်ဆို ၇ခွဲလောက်မှထတာ"

𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️‍🩹 ( Complete)Where stories live. Discover now