Unicode 🖇️
"ကိုယ်ဝန်ကတော့ ဆောင်လို့လွယ်ကူလောက်တယ်"
"တကယ်လား hoseok"
"အင်း ဒါပေမဲ့ ငါပေးတဲ့ဆေးတော့ တနေ့သုံးကြိမ်ပုံမှန်သောက်ပေးရမယ်"
"ဘာဆေးလည်း"
"ကိုယ်ဝန်မြန်မြန်ရတဲ့ဆေးပါ တစ်လသို့မဟုတ် နှစ်လတွင်းပေါ့ အဲ့ဒါတွက် မင်းလည်းလုပ်ပေးဖို့လိုလိမ့်မယ်"
"ငါလုပ်ပေးဖို့"
"မင်းသူနဲ့အနည်းဆုံးတစ်ပတ်ကို သုံးကြိမ်လောက်ဆက်ဆံရမယ် အဲ့တာပြောတာ မျက်နှာပူပါတယ်ဆိုအခုမှနားမလည်သလိုလုပ်နေတယ် ငနဲသား"
"အော် အဲ့တွက်စိတ်မပူနဲ့ တစ်ပတ် 8ကြိမ်လောက်ငါနည်းမျိုးစုံနဲ့စားနေတာမလို့ စိတ်ပူစရာမလိုဘူး"
"ဟမ် တစ်ပတ်မှာ 7ရက်လေ တစ်ကြိမ်ကဘယ်ကတိုးလာတာလဲ"
"အဲ့တာက အဲ့လိုရှိတယ် 8ကြိမ်ဆိုတာ ငါလျှော့ပြောထားတာနော် အဲ့တာအနည်းဆုံးလုပ်တဲ့အကြိမ်ပဲရှိသေးတာ"
"သိပါတယ် ခံရတဲ့သူဒီလိုပုံစံဖြစ်နေရုံနဲ့ မင်းဘယ်လိုတောင်ကြမ်းရမ်းထားလဲဆိုတာ သိပြီသား"
"Daddy ကလည်း အားနာစရာကြီး"
"ဘာမှအားနာစရာမရှိဘူး ဒီကောင်နဲ့ကိုယ်နဲ့က ပြောမနာဆိုမနာသူငယ်ချင်းအရင်းကြီးတွေ ထယ်ရဲ့"
"ဟုတ်တယ် ဘာမှအားနာမနေနဲ့ ဒီကောင်ကြီးနဲ့ဒီလိုပဲ ပြောဆိုနေကျ"
"ဟုတ်"
"အအေးလေးသောက်ကြဦး ငါဆေးသွားယူဦးမယ်"
"အင်း"
Hoseok ထွက်သွားတော့ ထယ့်ကစကားဆိုသည်။
"Daddy သူငယ်ချင်းကသဘောကောင်းပြီး အလုပ်လုပ်တာလည်းအပေါက်စိတယ်နော်"
"အင်း အဲ့ကောင်ကြီးက ကျောင်းသားဘဝထဲကဆရာဝန်လုပ်ချင်တာပိုးပါလာတာလေ အခုလိုဆရာဝန်ဖြစ်သွားတော့မှငြိမ်သွားတယ်ဆိုပါတော့"
"အော် အဲ့ကြောင့်အလုပ်လုပ်တာတော်တော်လေတိကျသေချာတာကို ဝါသနာတော်တော်ကြီးခဲ့တဲ့ပုံပဲ"
"ပြောပြလို့မရလောက်အောင်ကို ဆရာဝန်ရူး ရူးခဲ့တာလေ သူကပျော်ပျော်နေတက်တယ် စိတ်ညစ်ရင်တောင်ပြုံးပြုံးပဲ ကိုယ်တို့စိတ်ညစ်ရင်လည်းသူကလိုက်နောက်ပြီးရယ်ခဲ့ရတာလေ"
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️🩹 ( Complete)
Fanficချစ်တယ်..ယောင်း ကျွန်တော်ကိုအဖြေပေးပါနော်.... ဒီမှာ ချာတိတ်..ငါကမင်းထက်အသက်ပိုကြီးတယ် အကြီးကိုရိုရိုသေသေ ဆက်ဆံ မင်းငါ့ကို ယောင်းလို့ခေါ်တာကိုက မရိုသေရာကျနေပြီ ချာတိတ်... နာမည်ပဲဘာဖြစ်လဲ အကြီးမလို့ရိုရိုသေသေအဖြေတောင်းတာပေါ့ ကျွန်တော်ထက်ငယ်ရင် မုဒိန်...