Part 18 💞

1.5K 67 1
                                    

Unicode 🖇️

Taeလည်း သစ်ပင်နားလေးမှာ အချိန်ကြာကြီးရပ်ကာ ငိုကြွေးပြီးမှ မျက်ရည်လေးတွေသုတ်ကာ ကျောင်းထဲထွက်လာခဲ့သည်။

Jkဖက်တွင်......

"Hyg ကျွန်တော် ထယ့်အိမ်ဘက်ခဏမောင်းပေးပါလား"

"အတွေ့မခံလောက်ဘူး မနက်ဖြန်မှသွားပြီး သေချာမေးကြည့်လိုက်ပါ jk.....hygပြောတာ နားလည်တယ်မလား jk"

"ကျွန်တော်နားလည်ပါတယ် ကျွန်တော့ကိုအိမ်ပဲပြန်ပို့ပေးပါ hyg ကျွန်တော်မနက်ဖြန်မှသွား‌ေတွ့ကြည့်မယ် ယောင်းကို"

"အင်း"

ထယ် ကျောင်းကနေ အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ အဝတ်အိတ်လေးပြင်ပြီး အိမ်ခန်းငှားတဲ့အန်တီစီသော့အပ်ကာ မွေးရပ်မြေ ဒယ်ဂူကိုပြန်ခဲ့သည်။

ကားပေါ်တွင်......

ငိုချင်နေတဲ့စိတ်ကို အားတင်းကာ နေမကောင်းဖြစ်နေတဲ့ အဘွားစီသွားဖို့ဆုံးဖြတ်လိုက်သည်။

စိတ်ထဲမှာတော့.....

"တောင်းပန်ပါတယ် မောင်"
ဆိုတဲ့စကားလေးကိုအကြိမ်ကြိမ်ပြော‌ကာရေရွတ်နေခဲ့သည်။

မနေ့ကထိပျော်ရွှင်နေတဲ့ သူတို့စီကို ချက်ချင်းပဲမုန်တိုင်းဝင်နှောင့်သွားသလိုပင် အကြောင်းက....

Flach back....

Taeကျောင်းသွားဖို့ပြင်နေတုန်း အမည်မသိဖုန်းတစ်ခုဝင်လာတာကြောင့် ကိုင်လိုက်သည်။

ဖုန်းထဲတွင်.....

"ဟယ်လို ထယ်...ထယ်လေးလား"

"ဟုတ် ဟုတ်ပါတယ်"

"ဒေါ်လေးပါ ထယ်လေးကိုပြောစရာရှိလို့"

"ဟုတ် ဒေါ်လေး ပြောလေ"

"ထယ်လေး အဘွား...အဘွားကလေ"

"အဘွား ဘာဖြစ်လို့လဲ ဒေါ်လေး ထယ်ရင်ပူလိုက်တာ ထယ်ကိုပြောပါ"

"ထယ်လေးအဘွားမှာ ကျောက်ကပ်ကင်ဆာဖြစ်နေပြီ ထယ်လေး သိပ်အကြာကြီးမနေရတော့ဘူးလို့လည်းပြောတယ်  အသက်ရှင်ချင်ရင်  ကျောက်ကပ်အစားထိုးကုရမယ် ကုသစရိတ် ယွမ်သိန်း20လောက် ကုန်မယ်တဲ့ ထယ်လေး"

𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️‍🩹 ( Complete)Where stories live. Discover now