Unicode 🖇️
နောက်တနေ့ jkကျောင်းကိုမသွားပဲ ထယ့်တိုက်ခန်းစီသွားတော့ တိုက်ခန်းတံခါးလေးကသော့ခတ်ထားတာကိုတွေ့လိုက်ရသည်။
"ကျစ် ဘယ်သွားနေတာလဲ"
Jkလည်းပြန်မလို့နောက်လှည့်လိုက်တော့ တိုက်ခန်းပိုင်ရှင်အန်တီကိုတွေ့တာကြောင့် လှမ်းခေါ်လိုက်သည်။
"အန်တီ"
"အော ပြောလေ တိုက်ခန်းကြည့်ချင်လို့လား"
"မဟုတ်ပါဘူး"
Jk လည်း ထယ်နေခဲ့တဲ့တိုက်ခန်းလေးကို ညွှန်ပြရင်း
"အဲ့အခန်းမှာနေတဲ့ ကောင်လေး ဘယ်သွားလဲသိချင်လို့ပါ အန်တီ"
"အော် အဲ့ကောင်လေးက မနေ့ကပဲအခန်းသော့ပြန်အပ်သွားတယ်"
"သော့ပြန်အပ်သွားတယ်"
"ဟုတ်တယ် လက်ထဲလဲ အဝတ်အိတ်တစ်လုံးဆွဲသွားတယ် မျက်နှာလည်းတမျိုးပဲ"
"သူဘယ်သွားမယ်လို့ ပြောသွားသေးလား"
"မပြောသွားဘူး သော့အပ်ပြီး ထွက်သွားတာပဲကောင်လေး အဲ့တာပဲမလား အဒေါ်အခန်းတွေစစ်ရဦးမယ်"
"ဟုတ် အန်တီ ကျေးဇူးပါ"
တိုက်ခန်းပိုင်ရှင်လည်းထွက်သွားပြီး jkလည်း မြို့ထဲလိုက်ရှာဖို့ထွက်ခဲ့လိုက်သည်။
ထယ်သွားတက်တဲ့နေရာတွေကိုလိုက်ရှာခဲ့ပေမဲ့ ထယ်အရိပ်အယောင်တောင်မတွေ့ခဲ့ပေ။ သူနဲ့တွေ့ခဲ့တဲ့နေရာတွေကောအကုန်လုံးအနှံ့လိုက်ရှာခဲ့တာ တနေ့လုံးအချိန်ကုန်သွားပေမဲ့ taeကိုရှာမတွေ့ပေ။
ထယ် ပျောက်သွားတဲ့ နောက်ပိုင်း အရက်တွေသာအဖော်လိုသောက်လာပြီး နောက်တော့ ဆေးလိပ်တွေပါပြန်သောက်လာတော့သည်။
"Jk မင်းကျောင်းလည်းမတက်ဘူး ကျောင်းပြန်တက်ပြီ အရက်တွေ ဆေးလိပ်တွေလျှော့သောက်ပါ မင်းကျန်းမာရေးထိခိုက်မယ်"
"မသိဘူး ကျွန်တော်သိတာယောင်းကိုလွမ်းတာပဲသိတယ် ယောင်းကိုတွေ့ချင်တယ် ယောင်းမရှိသရွေ့ကျွန်တော်ဒါတွေကိုမဖြတ်နိုင်ဘူး"
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️🩹 ( Complete)
Fanfictionချစ်တယ်..ယောင်း ကျွန်တော်ကိုအဖြေပေးပါနော်.... ဒီမှာ ချာတိတ်..ငါကမင်းထက်အသက်ပိုကြီးတယ် အကြီးကိုရိုရိုသေသေ ဆက်ဆံ မင်းငါ့ကို ယောင်းလို့ခေါ်တာကိုက မရိုသေရာကျနေပြီ ချာတိတ်... နာမည်ပဲဘာဖြစ်လဲ အကြီးမလို့ရိုရိုသေသေအဖြေတောင်းတာပေါ့ ကျွန်တော်ထက်ငယ်ရင် မုဒိန်...