Unicode 🖇️
"မာရှိးသာ မြောင်...မြောင်"
"အရမ်းစားလို့ကောင်းနေတယ်ပေါ့ အချစ်"
"အင်း မောင်ရောစားမလား"
"မောင်ကကားမောင်းနေတာ ဘယ်လိုစားရမလဲ အချစ်ကခွံမကျွေးချင်ဘူးလား"
"ဟီး ကျွေးမယ်"
ထယ်လည်း ကြက်ပေါင်ကို ပါစစပ်နဲ့အားရပါးရဆွဲပြီး ရတဲ့အသားကို jkပါးစပ်ထဲထည့်လိုက်သည်။
"ကောင်းလား"
"အင်း အချစ်နှုတ်ခမ်းလေးနဲ့ထိသွား လို့လားပဲ ပိုချိုပြီးပိုလတ်ဆတ်သွားသလိုပဲ"
"မောင်ကလည်း အရမ်းပိုတာပဲ"
"တကယ်ပြောတာ အချစ်ရဲ့"
"ဒါနဲ့ အခု ဘယ်သွားနေတာလဲဟင်"
"Seoul ပြန်နေတာ ကိုယ့်အိမ်လေ ကိုယ့်မိဘတွေနဲ့ ယောင်းကိုမိတ်ဆက်ပေးမလို့"
"ဟမ် ယောင်းကရေလည်းချိုးရသေးဘူး ဒီပုံစံနဲ့လိုက်တွေ့ကမှာလား ပေတီပေစုတ်လေးနဲ့"
"ဘာမှဖြစ်ဘူး မောင့်အိမ်ရောက်မှရေချိုးကြမယ်လေ တူတူ"
"အဲ့လိုကရပေမဲ့ မောင့်မိဘတွေကိုဒီပုံစံနဲ့တွေ့ရင်မလေးစားရာကြမယ်မလား ပြီးတော့ လက်ဆောင်လည်းမပါဘူး ဟင့်"
"ဘာမှမဖြစ်ပါဘူးကွာ စိတ်ချမောင်ရှိတယ် မောင့်ကိုယုံနော် အချစ်"
"ဟုတ် ယောင်းတို့ကိုသဘောတူမှာပါနော်"
"အင်း စိတ်မပူနဲ့နော် ယောင်း မောင်ရှိတယ်"
"ဟုတ်"
စိုးရိမ်လွန်ပြီး မျက်နှာလေးတွေရောလက်ဖျားလေးတွေပါ နီပြီးအေးသလိုဖြစ်လာတာကြောင့် jkမှာလက်တစ်ဖက်ကားမောင်းပြီးတဖက်က ထယ့်လက်ကလေးကိုဆုပ်ကိုင်ထားသည်။
1နာရီလောက်မောင်းပြီးတော့ သူတို့လည်း Seoul မြို့ထဲရောက်ခဲ့ပြီပင်။
"ယောင်း ဗိုက်ဆာသေးလား"
"ဟင့်အင် ဆာဘူး မောင်ဆာလို့လား"
"မောင်ကမဆာပါဘူး ယောင်းဆာရင်တစ်ခုခုဝင်စားရအောင် ပြီးမှအိမ်သွားမလို့ အဲ့ဆိုယောင်းလည်းမဆာဘူးဆိုတော့ မောင်အိမ်ကိုပဲတန်းမောင်းလိုက်မယ်နော်"
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️🩹 ( Complete)
Fanfictionချစ်တယ်..ယောင်း ကျွန်တော်ကိုအဖြေပေးပါနော်.... ဒီမှာ ချာတိတ်..ငါကမင်းထက်အသက်ပိုကြီးတယ် အကြီးကိုရိုရိုသေသေ ဆက်ဆံ မင်းငါ့ကို ယောင်းလို့ခေါ်တာကိုက မရိုသေရာကျနေပြီ ချာတိတ်... နာမည်ပဲဘာဖြစ်လဲ အကြီးမလို့ရိုရိုသေသေအဖြေတောင်းတာပေါ့ ကျွန်တော်ထက်ငယ်ရင် မုဒိန်...