Part 8 💞

2.3K 102 0
                                    

Unicode 🖇️

"ဝါး ထယ်ထယ် မိုက်တယ်ဟေ့"

"ဘာမှမမိုက်ဘူး သူ့ကိုဘယ်သူကလာပို့ခိုင်းလို့လဲ မျက်နှာကို ပြောင်တယ်"

"အဲ့ဆို မစားပဲလွှင့်ပစ်မှာလား"

"မလွှင့်ပါဘူး နှမြောစရာကြီးကို"

"အဲ့ဆို စားကြမယ်‌"

"အင်း"

"ဝါး 🍔🍔 နှစ်ခုတောင်"

"အင်း ရော့ တစ်ခုစားလိုက်"

"သိုင်းကျူး ထယ် ဗိုက်ဆာနေတာကြာပြီ"

ထယ်နဲ့ suuyi လည်း jkပေးသွားမုန့်တွေ စားပြီး ဗိုက်ကလေးတွေပွတ်နေရ‌ေတာ့သည်။

သူတို့မသိတာကတော့ jkက မပြန်သေးပဲ ထယ်လုပ်သမျှကို သေချာကြည့်နေချင်းပင်။

"ထယ် အပြန် ငါတို့ market ဝင်ရအောင်"

"ဘာလုပ်ဖို့လဲ"

"မုန့်လုပ်စားကြမယ်လေ hotpot လုပ်စားမယ် ငါဒီနေ့နင်နဲ့တူတူလိုက်အိပ်မှာကို လုပ်စားရအောင်ပါ ငါတို့တစ်ခါမှအဲ့လိုမစားဘူးဘူး"

"သဘောလေ အဲ့ဆိုအပြန်ကျ ဝင်ဝယ်မယ်လေ"

"အင်း hotpot, ရေညှိထမင်းလိပ်ရယ်, ‌ခေါက်ဆွဲထုပ်လည်းဝယ်မယ် ဗိုက်ကားအောင်စားကြမယ်လေ"

"Okey 👌"

ထယ်တို့လည်းကျောင်းဆင်းတော့ marketကို တန်းလာခဲ့သည်။

"အော် လူလေးတို့ပါလား ဘာလာဝယ်ကြတုန်း"

"အိမ်မှာ မုန့်လုပ်စားမလို့ ဦးဦး"

"အေးအေး လိုချင်တာကြည့်ဝယ်ကြနော်"

"ဟုတ် ဦးဦး"

ထယ်တို့လည်းဆွဲခြင်းယူပြီး လိုအပ်တာတွေသေချာကြည့်ယူပြီးနောက်ဆုံးခေါက်ဆွဲထုပ်တွေထားတဲ့တန်းဘက်သွားပြီး လိုချင်တဲ့အထုပ်ယူကာ ကောင်တာမှာငွေရှင်းလိုက်သည်။

"ကျေးဇူးပါ ဦးဦး"

"ကောင်းကောင်းသွားနော်"

"ဟုတ် အော် ဒီချိုချဉ်လေးလည်းယူမယ်"

ထယ်တို့လည်း လိုအပ်တာဝယ်ပြီး ငွေရှင်းကာ ထွက်လာခဲ့သည်။

𝑳𝒐𝒗𝒆 𝒊𝒔 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 𝒚𝒐𝒖❤️‍🩹 ( Complete)Where stories live. Discover now