"မေရယ်မေရယ် ကျော်တော့လှေသူကြီးပါကွယ်ညားတော့လည်း လေထိုးသမားနဲ့ကွယ် "
"ဟေး ချမ်းအေး မပြန်သေးဘူးလားကွ"
" ပြန်တော့မှာ ဦးမော်ကြီးရ"
" သွက်သွက်လုပ်ကွ မိုးရွာတော့မှာ "
" ဟုတ်ကဲ့ပါ ဗျ"
ငြိမ်းချမ်းအေး ရေချိုးနေရာမှ ပုဆိုးလဲကာ ရေချောင်းထဲက ထွက်လာခဲ့လိုက်သည်။ ငြိမ်းချမ်းအေး ဖုန်းထုတ်ကာ ဓာတ်ပုံအချို့ရိုက်ကာ သူ့ fb acc ထဲ တင်လိုက်သည်။
caption က ရေချိုးတယ်လို့ဘာတို့ပေါ့။ သူ့ပုံသူပြန်ကြည့်ကာ သဘောကျရင်းဖုန်းသိမ်းကာ အိမ်ကိုအပြေးပြန်လာလိုက်သည်။" ချမ်းအေးရယ် ရေချိုးသွားတာ အဲလောက်ကြာရလားဟဲ့ နွားတွေကျွေးအုံး။ ပြီးရင် အကိုကြီးကို ထမင်းသွားပို့။ "
ချမ်းအေး ခေါင်းငြိမ့်ကာ သူ့အရပ်ထက်ပိုကြီးနေတဲ့နွားကြီးတွေကို အစာကျွေးကာ ဒေါ်လေးထည့်ပေးထားတဲ့ ချိုင့်ကိုဆွဲကာ လယ်ထဲ အပြေးသွားရတော့သည်။ ပါးစပ်ကလည်း ေဇပေိုင်ရဲ့ မဆုံသောလမ်း သီချင်းညည်းရင်းပေါ့။ အဲသီချင်းလေးကို ဆိုရင် ရင်ထဲစို့နင့်လာသည်။ သူလယ်ကွင်းစိမ်းစိမ်းကြီးကိုကြည့်ကာ တစ်ယောက်သောသူကို လွမ်းဆွတ်လာသည်။ ငြိမ်းချမ်းအေး ဆိုတဲ့ သူဟာ မိဘတွေမရှိတော့ပေ။ အဒေါ်နဲ့နေရပေမယ့် အမြဲတမ်း သူတို့ရဲ့ ခိုင်းဖက်ပင်။သူလည်းသိပါတယ်။ သူ့ထမင်းစားရင် သူ့အလုပ်လုပ်ပေးရမယ်ဆိုတာကို။ ပိုဆိုးတာက သူ့ဟာရွာမှာရှိတဲ့ ဆယ်တန်းအောင်ပြီး ဂျပန်ကျောင်းသွားတက်တဲ့ ရှိင်းမင်းကို ကို တိတ်တိတ်လေး ချစ်နေခဲ့တာပင်။ ရှိုင်းမင်းကိုက သူ့ထက်ကြီးပေမယ့် အကိုကြီး ရဲ့ ငယ်သူငယ်ချင်းဖြစ်နေသည်။ သူ့ဘဝက ပိုဆိုးတာက ရှိုင်းမင်းကို ကသူ့ရဲ့ဝမ်းကွဲအမနဲ့ ကြိုက်နေခဲ့တာ ။ သူသိတုန်းက အရမ်းခံစားခဲ့ရကာ သူ့ရဲ့အချစ်တွေ တိတ်တဆိတ်ပဲ ပြန်သိမ်းခဲ့ရတယ်။ပြီးတော် သူတို့ဘဝတွေက မိုးနဲ့မြေလိုပဲလေ။ သူ့လိုမိမရှိဖမရှိတဲ့သူကို ဘယ်သူက တန်ဖိုးထားမှာလဲ။ သူစဥ်းစားရင်း လယ်ထဲက တဲမှာချိုင့်ထားကာ လယ်ထဲက ပြန်ထွက်လာခဲ့လိုက်သည်။
YOU ARE READING
မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ
Romanceတရက်မှာ၂၄ နာရီက နည်းလွန်းတယ်ထင််တယ် နောက်ထက်၁ နာရီ ထပ်တိုးရမယ် မင်းကို ကြည့်ရတာက ၁ ရက်နဲ့လည်းမလုံလောက်သလို့ပဲလေ ။ ဘယ်လိုကလေးလေး ခန့်ဦးဇေ အကိုနဲ့ကျွန်တော်က မဆုံတဲ့လမ်းလိုပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် ။ကျွန်တော်ကနုံအတယ် ကျွန်တော်နဲ့ အတူတူရှိရ...