" အား... လန်းသွားတာပဲ ညောင်းလိုက်တာကွာ"
မော်ကွန်းမာန် ကားပေါ်က ဆင်းဆင်းချင်းအညောင်းပြေအောင်ခါးကိုလှည့်လိုက်သည်။
"အား... ဘာလို့ငါ့ကိုလာကန်နေတာလဲကွ"
မော်ကွန်းမာန် ကားပေါ်ကလိုက်စီးပြီးညောင်းနေတဲ့ကောင်ကို နောက်ကနေပိတ်ကန်လိုက်သည်။
" မင်းကဘာညောင်းတာတုန်း ကားမောင်းရတာငါပါကွ "
" မင်း. ခွေးကောင် သောက်ကျင့်ကအရင်အတိုင်းပဲ"
ငြိမ်းချမ်းအေး တခစ်ခစ်ခိုးရယ်လိုက်သည်။ အကိုမော်ကွန်းမာန်က အရမ်းခင်စရာကောင်းတယ်လို့သူ ခံစားမိသည်။ ပြီးတော့ တစ်ခါတလေ အရမ်းပေါပေမယ့် တစ်တခါလေ စမတ်ကျနေပြန်သည်။
" မရီးလေး မင်းဒီကောင်ငယ်ငယ်ကအကြောင်းတွေဒီကအကိုကပြောပြမယ်လာ"
မော်ကွန်းမာန် လက်က ငြိမ်းချမ်းအေး ရဲ့ပုခုံးကိုလာဖက်တာကြောင့် ခန့်ဦးဇေ မော်ကွန်းမာန်ကို တွန်းလွှတ်ကာလက်တွေကိုဖယ်ထုတ်လိုက်သည်။ ပြီးမှ သူ့လက်တွေ ကလေးလေးရဲ့ ပုခုံးပေါ်တင်လိုက်ကာ
" ငါ့အပိုင် မင်းကထိစရာလား "
မော်ကွန်းမာန် ပြောစရာစကားပင်မဲ့သွားရသည်။ သဝန်တိုလားမတိုလား သူငယ်ချင်းအရင်းကြီးနဲ့တောင် သဝန်တိုနေတယ်။ မော်ကွန်းမာန် ထွက်သွားတဲ့ လင်လင်နှစ်ယောက်ကို ကြည့်ပြီး နောက်ကနေလိုက်လာလိုက်သည်။
" ဒီအခန်း ကလေး ကြိုက်လား "
" ကျွန်တော် ကရတယ် အဓိက ကအကိုကြိုကိဖို့ပဲ"
ခန့်ဦးဇေ ရယ်လိုက်ကာ ကလေးလေးကိုဖက်ထားလိုက်သည်။
" အကိုကအခန်းကိုနည်းနည်းကြိုက်ပေမယ့် ညရောက်ရင်တော့ပိုကြိုက်မယ်ထင်တယ်"
ငြိမ်းချမ်းအေး အကိုပြောတယ့်စကားကိုနားမလည်ပဲ အကိုကိုမော့ကြည့်လိုက်သည်။ ပြီးမှ အကိုပြောတယ့်အဓိပ္ပါယ်ကိုနားလည်သွားတော့မှ အကို့ရင်ဘက်ကိုထုလိုက်သည်။
" အကိုက တအားဆိုးတာပဲ "
ခန့်ဦးဇေ သူ့ကိုထုနေတဲ့လက်ကိုဆွဲလိုက်ကာသူ့နှုပ်ခမ်းနဲ့ထိကပ်နမ်းလိုက်သည်။
YOU ARE READING
မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ
Romanceတရက်မှာ၂၄ နာရီက နည်းလွန်းတယ်ထင််တယ် နောက်ထက်၁ နာရီ ထပ်တိုးရမယ် မင်းကို ကြည့်ရတာက ၁ ရက်နဲ့လည်းမလုံလောက်သလို့ပဲလေ ။ ဘယ်လိုကလေးလေး ခန့်ဦးဇေ အကိုနဲ့ကျွန်တော်က မဆုံတဲ့လမ်းလိုပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် ။ကျွန်တော်ကနုံအတယ် ကျွန်တော်နဲ့ အတူတူရှိရ...