part4

14 3 1
                                    

မနက်ခင်းပိုင်းမှာ ကထိန်ကြီးနေ့မလို့ ဘုန်းကြီးကျောင်းမှာ ညကတည်းကလူစုံနေကြသည်။ ချက်မယ့်ပြုတ်မယ့်လူကြီးအားလုံးရောက်လာကာ ဝိုင်းဝန်းလုပ်ဆောင်ကြသည်။ချမ်းအေး ကအန်တီမေဇင်နဲ့ ကိုခန့်ဦးဇေ စားဖို့ညစာပြင်ဆင်နေကာ အဆင်သင့်ဖြစ်တော့ ထမင်းစားဖို့သွားခေါ်လိုက်သည်။

" သားကစားပြီပြီလား"

" အာ..." ချမ်းအေးခေါင်းငြိမ့်လိုက်ကာ

" ကျွန်တော်စားပြီပြီဗျ"

" နောက်တစ်ခါ အရင်မစားထားနဲ့အန်တီ တို့နဲ့စားနော် ။ အန်တီ တစ်ယောက်တည်းစားရတာပျင်းတယ်"

ချမ်းအေး အကိုခန့်ဦးဇေ ကိုကြည့်လိုက်တော့ သူ့ရှေ့က ထမင်းပန်ကန်ကို မရှိသလိုသဘောထားကာ သူ့ကို စိုက်ကြည့်နေတာကြောင့် နဲနဲတော့လန့်သွားမိသည်။

" ကိုယ်က ညစာသိပ်မစားဘူး ။"

" အာ.. ဟုတ်..ဟုတ်"

ချမ်းအေးလည်း အကိုခန့်ဦးဇေကို မကြည့်ရဲတော့ပဲ အန်တီကို ဟင်းတွေထည့်ပေးနေလိုက်သည်။ ဒေါ်မေဇင်က သူမ သားကိုကြည့်ကာ ပြုံးလိုက်မိသည်။ ခန့်ဦးဇေက တော့ အမေဖြစ်သူကို ပြန်ကြည့်ကာ တအားမသိသာစေရန် အချက်ပြလိုက်သည်။

" အဟမ်း သားကအိမ်ထောင်တွေဘာတွေများကျပြီလား"

ဒီစကားကို ချမ်းအေးကြားတော့

"ဟာအန်တီကလည်း ကျွန်တော့် အသက်၁၈ ပဲရှိသေးတယ်။ ပြီးတော့ကျွန်တော်က ဘုန်းကြီးဝတ်မှာ"

ဒေါ်မေဇင်ခမျာ ထမင်းစားရင်းသီးမလိုဖြစ်သွားသည်။ သူမသားကို ပြန်ကြည့်တော့
ရယ်နေတာကြောင့် သူမ ပြောစရာစကားမဲ့သွားမိသည်။ချမ်းအေးက သူ့ကိုရယ်နေတဲ့လူကြောင့် ရှက်သွားကာ

" အကိုက မယုံတာလည်း ပြီးရင်ဘုန်းဘုန်းသွားလျှောက်ကြည့်ပေါ့ ကျွန်တော်ဘုန်းကြီးဝတ်မှာ ဘုန်းဘုန်းသိတယ်။"

ချမ်းအေး သူ့ကိုရယ်တာကြောင့် စိတ်မပျော်မရွှင်ဖြစ်သွားတာကြောင့် ခန့်ဦးဇေကို မျက်စောင်းထိုးလိုက်မိသည်။ဒါကို ခန့်ဦးဇေ မြင်တော့ သူ့နှာခေါင်းပွတ်လိုက်ကာ

မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ Where stories live. Discover now