နောက်နေ့ အလှူကြီးနေ့မှာတော့ ခန့်ဦးဇေနဲ့ ဒေါ်မေဇင်ဟာ ဘုန်းကြီးတွေဆွမ်းကပ်ပြီးဧည့်သည်တွေကိုလိုက်နှုတ်ဆက်နေလေသည်။ခန့်ဦးဇေက လူအုပ်ကြားထဲက ငြိမ်းချမ်းအေးကို တွေ့လေမလားလို့ရှာသော်လည်းသူလုံးဝမတွေပေ။ ခန့်ဦးဇေ က သူလိုချင်တာဖြစ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့လူမျိုးပင်။ သူက ရှာရတာလည်းမကြီု။ စောင့်ရင်လည်းစိတ်မရှည်တဲ့လူမျိုးပင်။ သူမနက်အစောကတည်းက ရှာနေတာ ငြိမ်းချမ်းအေးရဲ့ အရိပ်အယောင်လုံးဝရှာမတွေ့ပေ။ခန့်ဦးဇေ စိတ်ခဏလျော့လိုက်ကာ
သူနဲ့အနီးနားက ကလေးလေးတစ်ယောက်ကို မေးလိုက်သည်။" အကိုကြီးချမ်းအေးကိုရှာတာဆိုရင် ဒီမှာမရှိဘူမနက်ကတည်းက.အဒေါ်ကြီးက အလုပ်တွေခိုင်းနေတာ သူလာရင်တောင်နေ့လည်မှလာလောက်မယ်။"
ကလေးလေးက သူမေးတာဖြေပြီးတော့ အလျှင်အမြန်ပင်ထွက်ပြေးသွားတော့သည်။ ဒီကိုစရောက်ကတည်းက ငြိမ်းချမ်းအေးအကြောင်းကို ဘုန်းဘုန်းက.ပြောပြပြီးသား။မိဘမရှိ အဒေါ်နဲ့နေနေရတယ်တဲ့။ ဒီလို အလှူမှာကိုပဲဒီကောင်လေးကအလုပ်တွေလုပ်နေ်ပေါ့လေ။ခန့်ဦးဇေ ငြိမ်းချမ်းအေး တို့အိမ်ဘက်ကိုလမ်းမေးကာ လျှောက်လာလိုက်သည်။ ရွာကကျယ်ပေမယ့်မြို့တွေလိုအိမ့တံခါးတို့ဘာတို့မရှိပါ ။သူ့ရှည်တဲ့ခြေထောက်တွေနဲ့ဆိုရင် ခြံစည်းရိုးကိုခွဝင်လိုက်ရုံပါပဲ။
သူတဖြေးဖြေးအိမ်နီးလာတာနဲ့ ထိုကောင်လေးအိမ်ကပဲ ဆူပူသံတွေကိုကြားလိုက်ရသည်။ ခန့်ဦးေဇခဏလောက်ရပ်ပြီးမှ မန်ကျီးပင်အကြီးကြီးနဲ့ကွယ်လိုက်သည်။" နေမကောင်းတာများသေမယ့်ရောဂါကျနေတာပဲ"
" ဒီတစ်ခါလည်းထပ်ဖျားပြန်ပြီ နင်ကပိုက်ဆံဘယ်လောက်ရှာနိုင်လို့လဲ။ဆေးဖိုးဝါးခ ကူန်ကျရအုံးမယ်။ဟင်း ခဏအိပ်နေ ငါနွားသွားထုတ်လိုက်အုံးမယ်။"
အသက် ၄၀ ကျော်အန်တီ တစ်ယောက်နွားနှစ်ကောင်ကိုဆွဲကာ ထွက့သွားတော့မှ မန်ကျီးပင်နားမှာရပ်နေတဲ့ခန့်ဦးဇေ တစ်ယောက် ထွက်လာခဲ့သည်။ သူအရဲစွန့်ပြီး အိမ်ဘက်လျှောက်လာခဲ့တော့ နွားထားတဲ့နေရာနားကချောင်းဆိုးသံကြားလိုက်ရတာကြောင့် အိမ်ဘက်မသွားပဲ နွားထားတဲ့ တဲဘက်လျှောက်ဝင်သွားလိုက်သည်။ အထဲမှာတော့ နွားချေးနဲ့တွေနံနေတာကြောင့်ခန့်ဦးဇေ နှာခေါင်းရှုံ့လိုက်မိသည်။ ဒီလိုနေရာမှာ လူတစ်ယောက်နေတာက ကျန်းမာရေးထိခိုက်မှာမကြောက်ဘူးလားမသိ။
YOU ARE READING
မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ
Romanceတရက်မှာ၂၄ နာရီက နည်းလွန်းတယ်ထင််တယ် နောက်ထက်၁ နာရီ ထပ်တိုးရမယ် မင်းကို ကြည့်ရတာက ၁ ရက်နဲ့လည်းမလုံလောက်သလို့ပဲလေ ။ ဘယ်လိုကလေးလေး ခန့်ဦးဇေ အကိုနဲ့ကျွန်တော်က မဆုံတဲ့လမ်းလိုပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် ။ကျွန်တော်ကနုံအတယ် ကျွန်တော်နဲ့ အတူတူရှိရ...