" လွှတ်ပေး နော် "" ကိုယ်က ဘာလို့လွှတ်ပေးရမှာလဲ ကိုယ်အလိုလိုက်တာများလို့ တော်တော်ဆိုးနေတယ်ဟုတ်လား "
ခန့်ဦးဇေ ကလေးလေး ပုခုံးပေါ်တင်လိုက်ကာ လှေကားအတိုင်းပေါ့ပေါ့ပါးပါး အခန်းထဲကိုသယ်သွယ်လိုက်သည်။ ပုခုံးပေါ်ထမ်းထားရင်း ကလေးရဲ့ တင်ပါးကို ၃ ချက်လောက်ခပ်ဆက်ဆက်ရိုက်လိုက်သေးသည်။
" အား ဦးခန့်ဦးဇေ ခင်များကျွန်တော့ကိုဘာလို့ရိုက်တာလဲ "
ခန့်ဦးဇေက မပြောပဲထပ်ရိုက်လိုက်သည်။
" ဖြန်း ကိုယ့်ကို ပြန်မပြောနဲ့ကလေး ကလေးတစ်ခွန်းပြန်ပြောရင် ကိုယ်တစ်ချက်ရိုက်ရမှာပဲ "
" အား.."
ခန့်ဦးဇေ ကလေးလေးကို အခန်းထဲရောက်တော့ ကုတင်ပေါ်ပြစ်ချလိုက်သည်။
" ဒုန်း... "
" အား... ခေါင်းခိုက်မိပြီ "
ငြိမ်းချမ်းအေး ကုတင်ပေါ်ကခေါင်းအုံးကိုယူကာ အကိုကို ပြစ်ပေါက်လိုက်သည်။ အကိုက ခေါင်းအုံးကိုဖမ်းယူပြီး အောက်ကိုပြစ်ချလိုက်သည်။ ပြီးမှ ဘောင်းဘိခါးပတ်ကို ချွတ်နေကာ သူ့ကို အရိုးပါမကျန်စားမယ့် သရဲတစ်ကောင်လို စိုက်ကြည့်နေသည်။
" အကို... ဘာ..ဘာလုပ်မို့ ခါးပတ်ချွတ်နေတာလဲ"
ခန့်ဦးဇေ အံကြိတ်လိုက်ရင်း
" အပြစ်ပေးမို့လေ "
" အား. ... မချွတ်နဲ့လေ"
ခန့်ဦးဇေ ကလေးလေးရဲ့ပုဆိုးနက်ပြာလေးကို အောက်ခြေကနေ ဆွဲချလိုက်သည်။
" ခင်များကြီး လူကိုအနိုင်မကျင့်နဲ့နော် သူကျတော့ ဟိုမိန်းမနဲ့တပူးတွဲတွဲနဲ့ ပြီးတော့ ကျွန်တော့ကိုဒီလိုမဆက်ဆံနဲ့ ကျွန်တော်မကြိုက်ဘူး "
ငြိမ်းချမ်းအေး သူ့ပုဆိုးကို အချွတ်မခံပေ။ အကို့လက်တွေကို သူ့ခြေနဲ့ကန်ချနေကာ ပုဆိုးကိုအဆွဲမခံပေ။
ခန့်ဦးဇေ စိတ်ရှုပ်လာကာ သူ့ကိုကန်ကန်နေတဲ့ခြေထောက်ကိုဖမ်းဆွဲထားလိုက်ရင်း ကူတင်ပေါ်တက်လိုက်ကာ ကလေး ကိုသူ့ခန္ဒာကိုယ်နဲ့ဖိထားလိုက်သည်။ပြီးမှ မျက်လုံးတွေရဲနေကာ တရှုးရှုးနဲ့ဒေါသထွက်နေတဲ့ကလေးကိုကြည့်ရင်း သက်ပြချလိုက်သည်။
YOU ARE READING
မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ
Romanceတရက်မှာ၂၄ နာရီက နည်းလွန်းတယ်ထင််တယ် နောက်ထက်၁ နာရီ ထပ်တိုးရမယ် မင်းကို ကြည့်ရတာက ၁ ရက်နဲ့လည်းမလုံလောက်သလို့ပဲလေ ။ ဘယ်လိုကလေးလေး ခန့်ဦးဇေ အကိုနဲ့ကျွန်တော်က မဆုံတဲ့လမ်းလိုပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် ။ကျွန်တော်ကနုံအတယ် ကျွန်တော်နဲ့ အတူတူရှိရ...