ဘာလို့လဲဆိုရင်ဒီလူက အရမ်းချောနေလို့ပါပဲ။ ချမ်းအေးရဲ့ လိင်တူကြိုက်တဲ့ခံယူချက်က ချောတဲ့ယောက်ကျားတိုင်းက သူ့အတွက်အန္တရာယ်ပဲဖိတ်ခေါ်တတ်တယ်လေ။ပြီးတော့ မိန်းမမယူမယ့်အတူ အသက်ကြီးရင်ဘုန်းကြီးဝတ်မလားလို့တောင်သူစဥ်စားထားသေးတယ်။ သူ ထိုလူကိုပြုံးရုံလေးပြုံးပြပြီး
" မလိုပါဘူးဗျ ဘုန်းဘုန်းက အကိုတ်ု့အလာကိုစောင့်ခိုင်းထားတာ ကျွန်တော်အစောရောက်ပါ့မလားလို့တောင် စိုးရိမ်နေသေးတာ"
" သားကို စောင့်ခိုင်းမိပြီ အားနာလိုက်တာသားရယ် "
ချမ်းအေး ရယ်လိုက်ကာ
" အားနာစရာမလိုပါဘူး ကျွန်တော်အကြာကြီးမစောင့်လိုက်ရပါဘူးဗျာ။ ကျွန်တော်တို့အချိန်ရှိတုန်းသွားကြမလား နေကအတော်လေးပူနေပြီ အန်တီ နေပူမိမှာကြောက်လို့"
" ဒါဆိုလည်းသွားကြတာပေါ့ကွယ်"
အန်တီ ့ကိုလှည်းပေါ်ရောက်အောင်တင်ပေးပြီးမှာ နွားတွေ ဆွဲကာလှည်းကောက်လိုက်သည်။ ရုပ်ချောတဲ့လူငတော့ ကားသနားကိုဘာတွေမှာနေလဲမသိ အတော်လေးကြာမှ လှည်းပေါ်ခုန်တက်လာသည်။
" သားနာမည်က ဘယ်လိုခေါ်လဲ "
" ကျွန်တော့နာမည်က ငြိမ်းချမ်းအေးပါ."
"နာမည်လေးက လှလိုက်တာ။ ပေးလည်းပေးတတ်တယ်နော်"
ဒီစကားကိုကြားတော့ ချမ်းအေး ရယ်ရုံသာရယ်နေလိုက်လိုက်သည်။
" အန်တီနာမည်က ဒေါ်မေဇင် တဲ့ ။ဒါကအန်တီ့သား ခန့်ဦးဇေ တဲ့မှတ်ထားနော်သား"
ချမ်းအေးခေါင်းငြိမ့်လိုက်ကာ လှည်းကို ခပ်သော့သော့မောင်းလာလိုက်သည်။ တလမ်စလုံး အန်တီကပဲ မေးလိုက် သူကဖြေလိုက်နဲ့ ခန့်ဦးဇေ ဆိုတဲ့အကိုကတော့ နောက်မှာသူမပါတဲ့အတိုင်းထိုင်လိုက်လာသည်။သူကတော့ အလှူရှင်မိသားစုက အများကြီးထင်ပြီး အိပ်ဖို့နေရာတွေအများကြီးစီစဥ်ထားပေမယ့်အခုတော့၂ယောက်တည်းဆိုတော့ သူစိတ်ပူစရာမလိုပေ။ လှည်းကရွာထိတ်ဝင်တဲ့အခါမှာတော့ လယ်ထဲကပြန်လာတဲ့ အမသဲစု နဲ့တွေ့တော့သည်။
YOU ARE READING
မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ
Romanceတရက်မှာ၂၄ နာရီက နည်းလွန်းတယ်ထင််တယ် နောက်ထက်၁ နာရီ ထပ်တိုးရမယ် မင်းကို ကြည့်ရတာက ၁ ရက်နဲ့လည်းမလုံလောက်သလို့ပဲလေ ။ ဘယ်လိုကလေးလေး ခန့်ဦးဇေ အကိုနဲ့ကျွန်တော်က မဆုံတဲ့လမ်းလိုပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ် ။ကျွန်တော်ကနုံအတယ် ကျွန်တော်နဲ့ အတူတူရှိရ...