part11

16 2 4
                                    

ညပိုင်း 11 နာရီလောက်မှာ ငြိမ်းချမ်းအေး ဗိုက်ဆာလာတာကြောင့် အောက်ထပ်ဆင်းပြီးရေဆင်းသောက်လိုက်သည်။ရေသောက်နေရင်း အေးတဲ့တစ်စုံတစ်ခုကသူ့ပါးကိုလာကပ်တာကြောင့် လန့်သွားကာ နောက်ဆုပ်လိုက်မိသည်။

" အာ့.... "

ငြိမ်းချမ်းအေး နောက်က တစ်ခုခုနဲ့တိုက်မိလိုက်သည်။ထိုဟာက ရေမွှေးနံ့လိုမွှေးနေတဲ့ မာကျောတဲ့ရင်ဘက်ကြီးတစ်ခုပင်။ ငြိမ်းချမ်းအေး ခဏလောက်နေမှ ရင်ခွင်ထဲကမော့ကြည့်လိုက်မိသည်။ အကိုရဲ့ အရမ်းချောတဲ့ မျက်နှာကြီးရယ် နက်မှောင်ပြီး စွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ ငြိမ်းချမ်းအေး ၂မိနစ်လောက်အကြည့်ချင်းစုံလေသည်။ခဏလောက်ကြာမှ သူအသိဝင်လာကာ

" အကို.... လွှတ်ပေးအုံး "

ငြိမ်းချမ်းအေး သူ့ခါးကိုကိုင်ထားတဲ့အကို့ရဲ့လက်ကိုဖယ်ချလိုက်သည်။ ဒါပေမယ့် အကိုက ဖယ်မပေးပဲ သူ့ကိုပဲ ကြည့်နေတာကြောင့် အကိုရင်ခွင်ထဲက ရုန်းနေလိုက်သည်။

" ငြိမ်ငြိမ်နေ  ... ။ မင်းမနက်ကဘယ်ကိုသွားခဲ့တာလဲ. ။ ပြီးတော့ ဘယ်သူနဲ့တွေ့ခဲ့တာလဲ "

ငြိမ်းချမ်းအေး ခန္ဒာကိုယ်လေးတောင့်သွားသည်။ အကို ဘယ်လိုသိလဲလို့မေးရန်ပြင်လိုက်သည်။

"သူက ရွာကလေ ရှိုင်းမင်းကိုတဲ့။ ကျွန်တော်လည်း ဒီအိမ်လိပ်စာ သူဘယ်လိုသိလဲမသိဘူး။အဲဒါကြောင့်ကျွန်တော်သူကိုသွားတွေ့လိုက်တာ"

" သူနဲ့တွေ့ရုံပဲလား မင်းတို့ဘာမှမလုပ်ဘူးမလား "

ငြိမ်းချမ်းအေး  မဖြေပဲနေလိုက်ပြီး အကိုလက်ကိုအတင်းဖြုတ်ကာ အကိုနဲ့ အကွာအဝေးတစ်ခုလောက်ခြားထားလိုက်သည်။ အကိုက ​အနက်ရောင်စတစ်လက်ရှည်ကိုတံတောင်စစ်ပေါ်ထိခေါက်တင်ထားပြီး ဂျင်းဘောင်းဘိအရှည်နဲ့တွဲဝတ်ထားသည်။ ရင်ဘက်ကြယ်သီးကလည်း သုံးလုံးလောက်ဖြုတ်ထားတာမလို့ ဖြူဖွေးတဲ့ရင်ဘက်ကပေါ်လွင်နေသည်။ တစ်ခုက အကို မျက်နှာကတစ်ခုခုက သူ့ကိုစိတ်အနှောင့်အယှက်ပေးနေသလိုသုန်မှုန်နေသည်။

"ကျွန်တော်တို့ဒီတိုင်းတွေ့ရုံပဲလေ ဘာလုပ်ရအုံးမှာလဲ ။ "

မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ Where stories live. Discover now